🤴My King🤴Part13

5.5K 424 36
                                    

​​ပျော်ပွဲရွှင်ပွဲ​တွေကို​ကျော်လွန်ပြီးသကာလတွင်​တော့တစ်တိုင်းပြည်လုံးစိုးရိမ်ပူပန်ရမည့်အချိန်သို့​ရောက်လာပြန်​လေသည်.....​မြောင်နိုင်ငံတွင်​သောင်းကျန်း​နေ​သောသူပုန်​တွေထံ​စေလွှတ်​သောသံတမန်ရဲ့​ပြောကြားချက်အရချစ်ကြည်​ရေးယူဖို့​လေးလအချိန်​ပေးမည့်အစားစစ်ခင်းရန်​လေးလအချိန်​ပေးရန်သာ​ပြောသည်​ကြောင့်သည်​နေ့က​တော့​လေးလပြည့်သည့်​နေ့......နန်း​တော်ရဲ့ညီလာခံ​ဆောင်​ရှေ့ကနန်းရင်ပြင်ကျယ်ကြီးတွင်ဝတ်စုံပြည့်နှင့်စစ်သားများကတစ်ညီတစ်ညာတည်းတန်းစီကာရပ်​နေကြပြီး​အောင်ပွဲရယူရန်ခံယူချက်အပြည့်နှင့်ရင်ကို​ကော့ထားကြလျက်.....ဦး​ဆောင်မည့်သူက​တော့အရှင်ကိုယ်တိုင်ပင်.......

သံချပ်ကာဝတ်စုံအပြည့်အစုံနှင့်အရှင်သည်ခန့်ညားလှသည်...တည်ကြည်​သောမျက်နှာတွင်ရဲရင့်မှုတို့ကအပြည့်...စစ်သည်တို့၏ထိပ်ဆုံးမှရပ်ကာစစ်သည်တို့ဘက်လှည့်၍ပြတ်သား​သောမိန့်ခွန်းတစ်ခုကိုသာ​ခြွေလိုက်သည်.....

"​သူရဲ​ကောင်းတို့မည်သည်ရှုံးပွဲမရှိဘူးဆိုတာကိုယ်​တော်ယုံတယ်...ရှန်နိုင်ငံတည်တံ့ပါ​စေ"ဟု

အရှင့်ရဲ့သြရှရှနဲ့​လေးနက်​သောအသံ၏အဆုံးတွင်စစ်သည်တို့သည်မိမိတို့သံချပ်ကာ​တွေကိုဓါးဖြင့်ထိ၍စစ်ချီသံကို​အော်​ကြွေးကြ​လေသည်........

အရှင်သည်လည်းမိမိနားမှရပ်ကာတစိမ့်စိမ့်ကြည့်လျက်စိတ်ပူ​နေ​သောသား​တော်​လေးကိုချီထား​သောယွိ​လေးအား​ခေါင်းချင်းထိလျက်...."ကိုယ်​အောင်ပွဲကိုသယ်လာခဲ့မယ်​​နော်...​စောင့်​နေပါကိုယ့်ရဲ့နှင်းလုံး​လေး...."ဟုဆိုကာနဖူးထက်အနမ်း​လေးတစ်ပွင့်ကိုနင့်​နေ​အောင်မြတ်မြတ်နိုးနိုး​ချွေ၍....နှုတ်ခမ်း​​လေးကိုလည်းတယုတယစုပ်နမ်းလိုက်သည်...ထို့​နောက်အနှီးထုတ်ထဲမှသား​တော်​လေးကိုလည်းပါး​သေး​သေး​လေးကိုရွှတ်ခနဲနမ်းကာနှုတ်ဆက်လိုက်သည်...."​သေချာ​ပေါက်​အောင်နိုင်မှာပါအရှင်..ကိုယ့်ကျန်းမာ​ရေးသာဂရုစိုက်ပါ"ချစ်ရသူ၏မင်ဂလာစကား​လေးကိုရင်ထဲသိမ်းကာစစ်ချီရန်ထွက်ခွာလာခဲ့သည်.......

🤴My King🤴(Completed)Where stories live. Discover now