ညီလာခံခန်းမအတွင်းတွင်.....
"အရှင့်ကိုဂါရဝပြုပါတယ်..."
အမတ်မင်းတွေရဲ့ဂါရဝပြုခြင်းကိုခံယူပြီးနောက်အသိအမှတ်ပြုသည့်သဘောဖြင့်ခေါင်းတစ်ချက်ငြိမ့်ကာညီလာခံစစေသည်
"အမတ်မင်းတွေလည်းသိပြီးလောက်မှာပါမြောင်နိုင်ငံကအိမ်ရှေ့စံမင်းသမီးရောက်နေတယ်ဆိုတာ...အခုမြောင်နိုင်ငံအတွင်းမှာသူပုန်တွေထနေတယ်လို့ကိုယ်တော်သတင်းကြားတယ်...ကိုယ်တော့်အနေနဲ့ကိုယ့်လက်အောက်ကတိုင်းပြည်ကိုကိုယ်တိုင်ကာကွယ်ဖို့တာဝန်ရှိတယ်...ဒီတော့သူပုန်တွေဘက်ကိုသံတမန်လွှတ်ပြီးအကြောင်းကြားလိုက်ပါ....အချိန်၄လပေးမယ်၊၄လအတွင်းမှာတဖြည်းဖြည်းနဲ့ချစ်ကြည်ရေးယူမလား၊ဒီလထဲမှာပဲစစ်ခင်းပြီးနှင်ရမလားမေးလိုက်ပါ..."
"မှန်လှပါအရှင်"
"သံတမန်ရေးရာအမတ်နဲ့စစ်သူကြီး၂ယောက်လိုက်သွားပါ...မြောင်နိုင်ငံရောက်ရင်နောက်ထပ်စစ်သူကြီးနှစ်ယောက်ထပ်လိုက်လိမ့်မယ်...နားလည်ရဲ့လား"
"နားလည်ပါတယ်အရှင်ကျွန်တော်မျိုးတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ပါ့မယ်"
"အင်း..ဘာလျှောက်တင်စရာရှိသေးလဲ"
"မရှိတော့ပါဘူးအရှင်"
"ကောင်းပြီညီလာခံနားမယ်"
"မှန်လှပါအရှင်"
ထို့နောက်အမတ်တို့တညီတညာတည်းဂါရဝပြုကာအရှင်လည်းအဆောင်တော်သို့ပြန်ခဲ့သည်......အဆောင်တော်သို့ရောက်သောအခါသူ၏ဗိုက်ပူလေးသည်အမတော်နှင့်အတူပန်းပင်တွေရေလောင်းနေလေရဲ့......
"နှင်းလုံးလေး"
"အရှင်...ညီလာခံပြီးပါပြီလား.... "
"အင်း....ပျင်းနေပြီလားကိုယ့်ဘုရင်လေး"
"မပျင်းပါဘူး...ဒီမှာအမတော်နဲ့ပန်းပင်ရေလောင်းနေတာ"
"ဟုတ်ပါပြီ"ထိုစဥ်ပန်းခြံထဲသို့တိတိကျကျပြောရရင်ယွိလေးဆီသို့တန်းတန်းမတ်မတ်ပစ်ဝင်လာသောမြှားတစ်စင်း......
VOUS LISEZ
🤴My King🤴(Completed)