အပိုင်း(၂)

990 104 5
                                    

Zawgyi

ရှောင်းကျန့် အခုမိတ်ကပ်ပြင်တဲ့ အခန်းထဲမှာ...

အဆင်မပြေရင် တစ်မျိုးပြန်စီစဉ်ပေးပါ့မယ်
ဆိုတဲ့ဖခင်ကြောင့် အဆင်မပြေအောင် တမင်
လုပ်လာခဲ့ပါတယ်ဆိုမှ ခုတော့မင်္ဂလာပါ
ဆောင်နေရပြီ။

တမင်မလုပ်လဲ ရှောင်းကျန့် ဟိုသကောင့်သား
ကို သဘောမကျပါဘူး။ အချောင်လိုချင်နေတဲ့
စိတ်ဓာတ်က အံ့လောက်စရာကောင်းသည်။

သူသိမ်းတိုင်းပါသွားရအောင် ရှောင်းကျန့်က
သူသံပတ်ပေးထားတဲ့ အရုပ်လား။

မျက်နှာလေးက ​စူပုတ်ကောက်ချိတ်နေတာ
ကြောင့် မိတ်ကပ်ဆရာမတွေက အခက်တွေ့
နေရပြီ။

တကယ်! ဒီတစ်မနက်လုံး ဒီသတို့သားရဲ့
မျက်နှာက စူပုတ်နေတာ ပြင်ရမယ့် သူတို့
တောင် ခပ်လန့်လန့်။

တစ်ချက်တစ်လေ လွဲသွားရင် ထထိုးတော့
မလားဆိုပြီး ကြောက်နေရသေး။ သို့ပေမယ့်
ပြောမယ့် ပြောတာမဟုတ်။

သတို့သားရဲ့ မျက်နှာက မိန်းကလေးတန်မဲ့
နူးနူးညံ့ညံ့လေးနဲ့ သိပ်လှသည်။ ထို့​ကြောင့်
သတိထားနေရာမှ တစ်ခါတစ်လေ အငမ်း
လွန်သွားတဲ့ အခါမျိုးလည်းရှိသည်။

"ဟို...မောင်လေးရယ် မျက်နှာကြောကို ပြေကျ
ပေးလို့ရမလားဟင် မျက်ခုံးမွှေးဆွဲပေးမလို့ပါ"

မဝံ့မရဲနဲ့ တောင်းဆိုမိတော့ ပြန်ပြေကျသွားတာမှ
ချက်ချင်း။ ထိုအခါမှ စိတ်အေးသွားကာ စိတ်ချ
လက်ချဆွဲနိုင်တော့သည်။

"ဟို...ကျဲ ကျွန်တော်အပေါ့သွားချင်လို့"

"အို..ခဏ ကျဲနှုတ်ခမ်းနီလေးတော့ ပြီးအောင်
ဆိုးပေးလိုက်မယ်နော်"

"ဟုတ်ကဲ့ ကျဲ"

ခုဏကမှ တွန့်ချိုးနေသေးတဲ့မျက်နှာလေးက
အခုတော့ သူမကို ကျဲလို့လည်း တရင်းတနှီး
ခေါ်သေးတဲ့အပြင် အပြုံးတွေပါ ပေးကမ်း
နေတာမို့ မိတ်ကပ်ဆရာမမှာ အပျော်လွန်ပြီး
လက်တွေပါ တုန်ချင်ချင်။

"ကဲ...ကဲ ပြီးသွားပြီ"

"ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ကျဲ"

Only You (Complete)Where stories live. Discover now