အပိုင်း(၃)

868 97 5
                                    

Zawgyi

နိုးလာတော့ ရှောင်းကျန့်က ကုတင်တစ်ခု
ပေါ်ကိုရောက်နေသည်။ ဝါးခြမ်းပြားတွေနှင့်
ပြုလုပ်ထားတာကြောင့် အခင်းကအေး
နေတာမို့ ​ရှောင်းကျန့် နိုးလာခြင်းပင်။

ရိပေါ်!

နိုးနိုးချင်း သတိရမိတာက ရိပေါ်။ ကိုယ်​ပေါ်က
စောင်တွေကို ဆွဲခွာပြီးအခန်းပြင်ကို ထွက်လာ
ခဲ့သည်။

အခုအခြေအနေအရသူက တောထဲမှာပဲ
ရှိနေသေးသည်။ ရိပေါ်သူ့ကိုချန်ပြီး
ထွက်သွားရင် ဘယ့်နှယ့်လုပ်မလဲ။

"ဟားဟား!"

ရယ်သံကြားလိုက်တာကြောင့် ဘေးဘက်
မလှမ်းမကမ်းကို လှည့်ကြည့်လိုက်တော့
သူတစ်ခါမှမတွေ့ဖူးသော ဝတ်စုံတွေ
ဝတ်ဆင်ထားတဲ့ လူတစ်စုကြား ပွဲကျနေသော
ရိပေါ်။

ရှောင်းကျန့်အခုမှ သက်ပြင်းချနိုင်တော့သည်။
ဝေလီဝေလင်း မနက်ခင်း ​နေရောင်ခြည်က
သူတို့ရှိရာ ပတ်ဝန်းကျင်ကို အလင်းတွေ
ဖြာပေးလျက်ရှိနေသည်။

"အို...ကောင်လေး နိုးလာပြီလား"

အန်တီကြီးတစ်ယောက်က သူ့ကိုမြင်သွားဟန်
အသံပြုလိုက်တော့ ရိပေါ်က သူ့ဘက်ကို
လှည့်ကြည့်လာသည်။ သူလည်း ထိုအနားကို
လျှောက်သွားလိုက်ပြီး...

"ဒီအိုးက အကြီးကြီးပဲနော် အထဲမှာဘာတွေ
ထည့်ထားတာလဲဟင်"

စပ်စုတတ်တဲ့ သူ့အကျင့်ကြောင့် တွေ့တာနှင့်
စတင်မေးမြန်းတော့တာပဲ။ အန်တီကြီး
ကလည်း ပြုံးလျက်ပြန်ဖြေရှာပါသည်။

"ရေနွေးတွေလေ လူလေးရဲ့... အလုပ်ပင်ပန်း
တဲ့အခါ ရေနွေးကြမ်းသောက်တာပေါ့"

"ရေနွေး!"

လက်ခနဲ တောက်ပသွားသောမျက်ဝန်းက
မျှော်လင့်ချက်အပြည့်နှင့်။ အန်တီကြီး
ကြောင်သွားတာလည်း မပြောနဲ့၊ ရိပေါ်တောင်
ကြောင်သွားသည်။

ရေနွေးလို့ပြောလိုက်တာကို ဟိုက သူ့အဖေ
အသစ်ကို တွေ့လိုက်ရသလိုမျက်နှာထား
ဖြစ်သွားတာကိုး။

"ဟို...ပူသေးလား"

"ပူတာပေါ့ လူလေးရဲ့ အခုမှချတာကို"

Only You (Complete)Where stories live. Discover now