အပိုင်း(၄)

833 92 11
                                    

Zawgyi

ညနေစာဝယ်ပြီးမှ ရိပေါ်က သတိရတယ်။
ဟုတ်သားပဲ ဝတ်စုံတွေက သူ့အတွက်တွေပဲ
ဝယ်ထားရတာ ရှောင်းကျန့်က ဘာနဲ့ဝတ်မှာလဲ။
အိုက်ယား...ဒီဦးနှောက်က ဘာတွေစဉ်းစား
နေလို့ အဲ့လိုဖြစ်သွားရတာလဲ။

အထည်ဆိုင်ရောက်ပြန်တော့မှ တကယ့်ကို
ပြဿနာက ခုမှစတော့သည်။ ရှောင်းကျန့်
ဆိုဒ်က ဘာလဲသူမသိ။ သူ့ထက်နည်းနည်း
အရပ်ရှည်နေတာက လွဲရင် ကျန်တာက သူ
နဲ့ မတိမ်းမယိမ်း။

မှန်းပြီးပဲ ဝယ်လာခဲ့သည်။ ဟိုပြန်ရောက်လို့်
ရှောင်းကျန့်နဲ့ မတော်ရင် နောက်တစ်ခါပြန်လာ
ဝယ်လိုက်လဲ ဖြစ်တာပဲမဟုတ်လား။ ဒီလိုမှန်း
သိရင် အစက ရှောင်းကျန့်လိုက်လာမယ်ပြော
တုန်းက ခွင့်ပြုလိုက်ပါတယ်။

ခုတော့ သူ့တစ်ယောက်တည်း လမ်းမပေါ်မှာ
ပတ်ချာလည်လို့။ ဘဝကလည်း ရှောင်းကျန့်နဲ့
တွေ့မှပဲ သူခိုးလိုလို၊ ဓားမြလိုလိုတွေကို ဖြစ်လို့။

အခန်းပြန်ရောက်တော့ ရှောင်းကျန့်ကို မတွေ့ရ။
ရေချိုးခန်းထဲ ရေကျသံသဲ့သဲ့လေးကြားရသည်။
တဆက်တည်း စိတ်ထဲမှာလည်း အလိုမကျခြင်း
တွေနဲ့ ပြည့်နှက်သွားသည်။

ဘာလဲ သူအပြင်ထွက်သွားတာ ကြာနေပြီလေ
ခုထိရေချိုးလို့ မပြီးသေးဘူးလား။

"ဒေါက်...ဒေါက်"

"​ရှောင်းကျန့် မပြီးသေးဘူးလား"

တံခါးခေါက်ကာ မေးတော့ reply က
တစ်စက္ကန့်မခြား ပြန်ရောက်လာသည်။

"ရိပေါ်...မင်းဘာလို့ဒီလောက်ကြာနေတာလဲ
ငါ...ငါအခုမေ့ပြီး ငါ့အဝတ်တွေကို လျှော်လိုက်
မိလို့ အဲ့ဒါ"

ဒီလောက်ဆို ရိပေါ်နားလည်လိုက်ပြီ။
တော်သေးတာပေါ့ ရှောင်းကျန့်အတွက် အဝတ်
ဝယ်ဖို့ သူသတိရလိုက်လို့။

"အိုကေ...အိုကေ တံခါးတစ်ချက်ဟ​ပေး
ခင်ဗျားအတွက် အဝတ်အစားတစ်ချို့ဝယ်လာ
တယ် လှမ်းယူလိုက်"

..........

ရိပေါ်ရေချိုးပြီး ထွက်လာတော့ စားပွဲပေါ်က
အစားအစာတွေကို အားရပါးရ ထိုင်စားနေသော
ရှောင်းကျန့်ကို တွေ့လိုက်ရသည်။

Only You (Complete)Where stories live. Discover now