အပိုင်း(၁၄)

779 85 2
                                    

Zawgyi

မျက်စိရှေ့မှာ မြင်နေရတဲ့ပင်လယ်ပြင်ကြီးကို
ရှောင်းကျန့်ငေးနေမိတယ်။

မျက်နှာချင်းဆိုင် တိုက်ခတ်လာတဲ့လေပြည်
လေးတွေက သူ့မျက်နှာကို ဖယ်ခွာလျက်
ယှက်ပြေးသွားကြတယ်။

ရှောင်းကျန့်က ဒီလိုနေရာမျိုးဆို သိပ်သဘော
ကျတယ်။ အေးချမ်းပြီး လွတ်လပ်တဲ့ခံစားချက်
မျိုးကို အပြည့်အဝခံစားနိုင်ပြီး ကြယ်လေးတွေ
ကြောင့် အဖော်လည်းမမဲ့ဘူး။

သဲသောင်ပြင်ပေါ်က ဆိုင်လေးတွေရဲ့
မီးအလင်းရောင်တွေကြောင့် ညကမှောင်မိုက်
မနေဘဲ မှိန်မှိန်လေးလင်းနေတယ်။
လပြည့်ည မဟုတ်ပေမယ့်လည်းပေါ့။

"မချမ်းဘူးလား"

အသံနဲ့အတူ ကိုယ်ပေါ်ကို လွှားခနဲရောက်လာ
တဲ့ အနွေးထည်တစ်ထည်ကြောင့် သူ့ပခုံးလေး ကျုံ့သွားရတယ်။

နောက်မှသတိထားမိကာ ဖယ်ချလိုက်တော့
ရိပေါ်ကဘေးနား ဝင်ထိုင်လာတယ်။

"ဘာလို့လဲ"

"ငါမှ မချမ်းတာ"

"ခင်ဗျားနားရွက်တွေ ရဲနေတယ်"

"အင်း"

ရှောင်းကျန့်မခြုံချင်မှန်းသိတဲ့ ရိပေါ်က ဆက်
မပြောတော့ဘူး။ အဲ့ဒီအစား ဆိုဂျူပုလင်းကို
ဖောက်ပြီး ရှောင်းကျန့်ဘက်ကို ကမ်းပေး
လိုက်တယ်။

"သောက်ရမှာလား"

"ဘာလုပ်စေချင်တာလဲ"

"Okay လေ သောက်ဆိုလည်း သောက်
တာပေါ့"

ရိပေါ်လက်ထဲကနေ လွဲပြောင်းယူလိုက်ပြီး
ရှောင်းကျန့်တစ်ငုံ မော့သောက်ချလိုက်တယ်။

လည်ချောင်းတစ်လျှောက် ပူလောင်စွာ
စီးဆင်းသွားတဲ့ အရည်တွေက ရင်တွင်း
ရောက်သည်အထိ ပူနွေးတုန်း။

လေပြည်ရဲ့အရသာကို အပြည့်အဝခံစားချင်
လို့သာ အနွေးထည်မဝတ်ချင်တာ တကယ်
တော့ သူချမ်းနေတာပါပဲ။

ဆိုဂျူအရည်တွေကြောင့် ခန္ဓာကိုယ်က
အနည်းငယ်နွေးသွားသလို ခံစားရတာကြောင့်
သူပြုံးလိုက်မိတယ်ထင်ပါတယ်။

Only You (Complete)Where stories live. Discover now