အပိုင်း(၁၂)

726 84 4
                                    

Zawgyi

ဒူ.....ဒူ....ဒူ!!!

တစ်တူတူအော်မြည်လာတဲ့ ဖုန်းသံက
alarmထက် ပိုဆိုးတယ်။

ဆက်အိပ်လို့ မရတော့အောင်ကို နှိပ်စက်နေ
တာကြောင့် ရှောင်းကျန့် ဖုန်းကိုစမ်းတဝါးဝါး
ရှာဖွေရင်း ကောက်ကိုင်လိုက်ရတယ်။

"ဟယ်လို"

"ကျန့်ကော နိုးပြီလား!!"

တစ်ဖက်ကထွက်လာတဲ့ တက်တက်ကြွကြွ
အသံကြောင့် မျက်လုံးဖွင့်မရသည့်တိုင်အောင်
ရှောင်းကျန့် မျက်မှောင်ကြုတ်လိုက်မိသေးတယ်။

ဘာလဲ! ညကအနှောင့်အယှက်ပေးတာ
အားမရလို့ အခု သူ့ရဲ့မနက်ခင်းကိုပါ
လာနှောင့်ယှက်နေတာလား။

ဖုန်းနံပါတ်တောင်းလို့ ပေးလိုက်မိပါတယ်။
မျောက်အုန်းသီးရသွားသလိုပဲ။ အခုလည်း
အဲ့ဒီ​ပေးမိတဲ့ အကျိုး​ကြောင့် အိပ်ရေးကို
မဝရဘူး။

"ဝမ်ရိပေါ်... စောစောစီးစီး အားယားနေ
တာလားဟမ် ငါအိပ်နေတယ်"

စိတ်မကြည်တာကြောင့် သူ့အသံက စိတ်
မရှည်တဲ့ဘက်ရောက်သွားမှာ အသေအချာ။

ဒါကိုတောင် ဟိုဘက်က ရယ်သံတိုးတိုး
ထွက်လာနိုင်သေးတော့ ရှောင်းကျန့်မျက်နှာက
မျောက်အိုကြီးလို ဖြစ်နေပြီ။

"မင်းဘာရယ်တာလဲ"

"မဟုတ်ပါဘူး ... ကျွန်တော်က ကျန့်ကော
နိုးနေပြီထင်လို့ ခေါ်လိုက်မိတာ ကျွန်တော့်
ကြောင့် နိုးသွားတာလား"

"အဲ့တော့အားနာလို့လား ရတယ် ကိစ္စမရှိဘူး
ပြန်အိပ်လိုက်မယ်"

ခွီခနဲ ထွက်သွားတော့မယ့် ရယ်သံကို
ရိပေါ် အလျင်အမြန်ထိန်းချုပ်လိုက်ရတယ်။
စိတ်ဆိုးသွားရင် ခက်ရချည်သေးရဲ့။

ကိုယ့်ချစ်သူက အရပ်ကအရှည်ကြီးပေမယ့်
စိတ်က လက်တစ်ဆစ်လောက်ရယ်။

"အင်းပါ ... အင်းပါ ပြန်အိပ်လိုက်နော်
ကျွန်တော်အနှောင့်အယှက်ပေးမိပြီ
ချစ်တယ်နော်"

ရှောင်းကျန့်ရဲ့နှုတ်ခမ်းက မသိမသာ
ကွေးတက်သွားတယ်။ ပြီးမှ ဖုန်းကို
နှုတ်ခမ်းနှင့် ပိုနီးအောင် ဆွဲကပ်လိုက်ပြီး

Only You (Complete)Where stories live. Discover now