Zawgyi
"အား လန့်ထှာ ငလူး''
ရီပိုင်အနောက်လှည့်လိုက်သည်နှင့် ခုနကအိပ်နေ
သောဝမ်ရိပေါ်ကငုတ်တုတ်ထိုင်ကာသူ့ကိုစိုက်ကြည့်
နေသည်။"ရှောင်းကျန့် ကတကယ်ဘဲကျွန်တော့ကိုမလိုချင်
တော့လို့ရှောင်ပြေးနေတာလား''အပြစ်တင်သောစိတ်လည်းမဟုတ်၊ဒေါသထွက်တဲ့
အသံလည်းမပါ စိတ်ပျက်အားငယ်ခြင်းတွေသာ
ရောထွေးလျှက်။"ကျွန်တော်ကဒီအတိုင်းသူ့ကိုချစ်နေရုံလေးတင်ပါ။
ဒီအတိုင်းလေး သူ့နားရှိချင်ရုံ၊ငေးမောနေချင်ရုံလေးပါ''ငေးမောရင်းရေရွတ်နေတဲ့စကားသံတွေကတဖြည်း
ဖြည်းတိမ်ဝင်လာတယ်။နာနာကျင်ကျင်ဖြစ်လာတဲ့
အခါတိုးတိုးတိတ်တိတ်လေးဘဲနေတတ်လာတယ်။
ဘယ်သူ့ကမ္ဘာကိုမှအထိအခိုက်မရှိဘဲကျကွဲပြိုလှဲ
ပစ်လိုက်တယ်။တိတ်တဆိတ်ပါဘဲ။ရီပိုင်သက်ပြင်းချရင်း ခုံပေါ်ခြေပစ်လက်ပစ်ထိုင်ချ
လိုက်တယ်။"အားကျန့်ကိုငါစတွေ့တုံးက တံတားပေါ်ထိုင်နေတဲ့သူ့ပုံစံကိုငါခုထိမှတ်မိနေတုံးဘဲ။အသက်မဲ့နေတဲ့
မျက်ဝန်းတွေနဲ့ လူတွေကိုငေးမောနေတတ်တယ်''အပေါ်ကုတ်ကိုချွတ်ပစ်ရင်း ရေခဲသေတ္တာထဲကနေ
ရေဗူးတစ်ဗူးဆွဲထုတ်လိုက်တယ်။"ဒီနစ်တွေမှာသူပိုပိုပီးတိတ်ဆိတ်လာတယ်။ရှင်သန်
နေဖို့အတွက် အကြောင်းပြချက်မရှိတော့တဲ့သူလိုဘဲ။
ပျောက်ကွယ်သွားဖို့အဆင်သင့်ဖြစ်နေခဲ့တယ်။
မင်းနဲ့မတွေ့ခင်အထိပေါ့လေ''အပြင်ကိုငေးနေတဲ့ရိပေါ်ကသူ့ကိုတစ်ချက်လှည့်
ကြည့်တယ်။အမူအယာကင်းမဲ့နေတဲ့မျက်နာနဲ့။"အဲအရူးလေးကဆေးကုသမူ့ခံယူဖို့ငါပြောခဲ့တုံးက
ဂရုမစိုက်ခဲ့ဘဲနဲ့ သူ့ကြောင့်မင်းရဲ့ပတ်ဝန်းကျင်မှာ
အရှက်မရဖို့ဆိုပီး သူ့ကိုယ်သူဖိအားပေးပီးကုသမူ့
တွေလုပ်ခဲ့တာ၊အရမ်းပင်ပန်းနေရင်တောင်မှမင်း
အတွက်ဆိုပီးသူနာကျင်မူ့တွေကိုသည်းခံခဲ့တာ
လေ''ညိုးနွမ်းနေတဲ့မျက်နာလေးနဲ့အိမ်ရောက်ရင်
ခွေခွေလေးအိပ်ပျော်သွားတတ်တဲ့ရှောင်းကျန့်
ရဲ့ပုံရိပ်ကလေးကိုရိပေါ်ပြန်မြင်ယောင်လာတယ်။
တစ်ခုခုကိုဆုံးရူံးလိုက်ရသလိုနာကျင်မူ့ကသူ့ရင်
ထဲစိမ့်ဝင်ပျံနှံ့လို့ ဘယ်အရာကမှမတွန်းကန်နိုင်။
YOU ARE READING
ashy silent (Complete)