Part(8)

4.2K 503 8
                                    

Zawgyi

"ဆိုင်မသွားနဲ့နော်ကိုကို။ဒီညကျွန်တော့အတွက်
အချိန်ပေး''

ဖုန်းထဲက Message လေးကိုကြည့်ရင်းပြုံးနေတဲ့
ရှောင်းကျန့်ကို ရီပိုင်ကမှတ်တမ်းရေးနေရင်း
ပြောတယ်။

"ဒီကောင်လေးကိုမင်းတော်တော်ချစ်မိသွားပုံဘဲ
နော်အားကျန့်၊ကုသမူ့ခံယူပါလို့ငါပြောနေတာ
နစ်ပေါက်နေပီ။မင်းအာရုံတောင်ထားခဲ့တာ
မဟုတ်ဘူး''

ရီပိုင်က ရှောင်းကျန့်ရဲ့ စိတ်ရောဂါဆရာဝန်ဆိုတာ
ထက်ပိုတယ်။ရှင်သန်လိုစိတ်မရှိတဲ့မရှိတဲ့
ရှောင်းကျန့်ရဲ့အသက်ကို နည်းမျိုးစုံနဲ့ဆက်လက်
စေခဲ့တဲ့သူ။အပင်ပန်းဆုံးအချိန်တွေမှာဘေးနား
ရှိပေးခဲ့တဲ့မိတ်ဆွေ။

"အင်း''

ရှောင်းကျန့်ဖုန်းကိုအိတ်ထဲထိုးထည့်ရင်းထရပ်
လိုက်တယ်။ဒီနေ့ကောင်လေးရဲ့17နစ်ပြည့်မွေးနေ့
တဲ့လေ။သူ့ဆီအချိန်လာကုန်မယ့်ရိပေါ်အတွက်
တစ်ခုခုတော့ပြင်ဆင်ထားသင့်တယ်မလား။

"ကိုယ့်ကိုကိုယ်အရမ်းဖိအားမပေးနဲ့နော်အားကျန့်။
မင်းရဲ့အခြေအနေကတိုးတက်မူ့ရှိလာတယ်ဆို
ပေမယ့် မင်းရဲ့ rashဖြစ်တတ်တဲ့အခြေအနေရယ်၊
hostilityဖြစ်တတ်တဲ့အခြေအနေကတည်ငြိမ်
သေးတာမဟုတ်ဘူး''

"အင်းပါ''

ရီပိုင်ဆီကနေအပြန်ရှောင်းကျန့် လမ်းကစတိုး
ဆိုင်လေးဆီဝင်ခဲ့တယ်။ဒီညရိပေါ်ကိုသူညစာ
ချက်ကျွေးရမယ်။ချက်ပြုတ်မစားတော့တာကြာ
လို့လားမသိ။အသီးအရွက်တွေကြည့်ပီးဘာဝယ်
လို့ဝယ်ရမှန်းတောင်မတွေးတတ်တော့။

ဟိုဟိုဒီဒီကိုင်ကြည့်နေတူံး ရှောင်းကျန့်ရဲ့ခြေထောက်
ဆီလိမ့်လာတဲ့ဘောလုံးလေး။ဒူးထောက်ချလိုက်
ကာကောက်နေတုံး ကောင်လေးတစ်ယောက်သူ့
ဆီပြေးလာတယ်။

"သားဟာ''

၅နစ်အရွယ်ခန့်ကောင်ငယ်လေးက ရှောင်းကျန့်
လက်ထဲကဘောလုံးကိုကြည့်ရင်းပြောတယ်။

"သားဘောလုံး''

ဘောလုံးကိုင်ထားရင်းကြောင်အနေတဲ့ရှောင်းကျန့်
ကြောင့်ကလေးငယ်ကသူ့ဘောလုံးပြန်မပေး
တော့ဘူးထင်လို့လားမသိ။ငိုချတော့တယ်။

ashy silent (Complete) Tempat cerita menjadi hidup. Temukan sekarang