Zawgyi
ခြေထောက်ကိုကြမ်းပေါ်အထောက် ခါးကဆစ်ခနဲ့။
နာကျင်မူ့ကြောင့်ကုတင်ပေါ်ပြန်ထိုင်လိုက်ပီးအခန်း
ထဲကြည့်တော့ ရိပေါ်ကမရှိ။"ရိပေါ်''
အသံကလည်ချောင်းထဲတင်တစ်နေပီး အာခေါင်တွေ
ခြောက်ကပ်မူ့ကြောင့်ထွက်မလာ။ထိုစဉ်အခန်းတံခါး
ပွင့်လာပီး ဖန်ခွက်တစ်လုံးနဲ့ရိပေါ်ဝင်လာသည်။"နာနေလား။ရေသောက်လိုက်ဦး''
ကမ်းပေးလာတဲ့ရေခွက်ကိုယူလိုက်ပီးသောက်
တော့ရိပေါ်ကသူ့ကိုစိုက်ကြည့်နေရဲ့။"ခါးကနာနေသေးလား''
"အင်း''
"ကျွန်တော်နည်းနည်းကြမ်းသွားတယ်ထင်တယ်''
ရုပ်တည်ကြီးနဲ့ပြောလာတော့ ရှောင်းကျန့်မျက်နာ
လွဲလိုက်မိတယ်။ရှက်ရွံ့စွာလည်ပင်းကိုပွတ်နေ
တော့ရိပေါ်ကသူ့လက်ကိုလာကိုင်တယ်။"နီနေပီ။နာလိမ့်မယ်''
မျက်လုံးချင်းမဆုံမိအောင် ရှောင်းကျန့်ရှောင်တော့
သူ့မေးဖျားကိုအသာဆုတ်ကိုင်ရင်းရိပေါ်ကသူ့ကို
ကြည့်စေတယ်။"ကိုကိုကရှက်နေတာလေးကချစ်ဖို့ကောင်းလိုက်တာ၊
အဲလိုချစ်ဖို့ကောင်းနေရင်ကျွန်တော်စိတ်ထိန်းဖို့
ခက်လိမ့်မယ်''နားဆီသို့တီးတိုးပြောနေတဲ့ရိပေါ်ကြောင့် သူမနေ
တတ်စွာယားသလိုလိုဖြစ်လာတယ်။ပူကျစ်နေတဲ့
ပါးနစ်ဖက်ကတော့နီရဲနေတော့မှာသိတယ်။"ရိပေါ် ကိုယ့်ကိုမစပါနဲ့တော့''
သဘောကျစွာရီမောနေတဲ့ရိပေါ်သူ့နူတ်ခမ်းကို
ဖြတ်ခနဲ့နမ်းတယ်။တမက်တမောပါဘဲ။ဘယ်အချိန်
ထိမိထိမိလတ်ဆတ်စွာရင်ခုန်သံတွေဖြစ်တည်တယ်။"ဟူတ်ပါပီဗျာ။ကျွန်တော်မစတော့ပါဘူး။မျက်နာသစ်
ရအောင် ရေချိုးခန်းကိုလိုက်ပို့ပေးမယ်နော်''ရိပေါ်ကသူ့ကိုယ်ကိုပွေ့ချီလိုက်တော့ လည်တိုင်ဆီ
အမှတ်တမဲ့ဖက်လိုက်မိလေရဲ့။ ရိပေါ်ကခပ်တိုးတိုး
ရီကာသူ့နားဆီကပ်ရင်းတိုးတိုးလေးပြောတယ်။
KAMU SEDANG MEMBACA
ashy silent (Complete)