Part(28)

3.7K 356 0
                                    

Zawgyi

ညနေခင်းမို့ရာသီဥတုက နေသာလျှက်။
လမ်းတစ်လျောက်ကစိုက်ခင်းလေးတွေထဲအလုပ်
လုပ်နေကြတဲ့ရွာသားတွေက သူတို့ကိုတွေ့တော့
လှမ်းနုတ်ဆက်ရင်း အသီးအနှံလေးတွေဟိုဟိုသည်
သည်အမျိုးစုံနေအောင်ပေးကြတယ်။

လူစိမ်းတွေနဲ့သိပ်အသားမကျသေးတော့ သူ့နောက်
မှာနေရင်ခေါင်းလေးစောင်းပီးကြည့်နေတတ်တယ်။
ပေးလိုက်တဲ့အသီးအနှံလေးတွေကိုရင်ခွင်ထဲထည့်
ပိုက်ရင်းလည်းပျော်နေသေးတာ။

ရွာထိပ်ကတောစပ်လေးမှာ ဖြူဖြူလုံးလုံးလေးတွေက
သူတို့ကိုတွေ့တော့ကြောက်လန့်ပီးထွက်မပြေးဘဲ
ရင်းနှီးစွာခုန်ဆွခုန်ဆွနဲ့ရှောင်းကျန့်လက်ထဲက
ဟာတွေကိုလှမ်းတောင်းတယ်။

ပြုံးပျော်နေတဲ့မျက်နာလေးကြောင့် သူ့မှာစိတ်ချမ်း
သာရတယ်။လမ်းလျှောက်ရပင်ပန်းနေမှာစိုးလို့
ကုန်ပိုးပေးပ့ါမယ်ဆိုတော့ သူ့အသီးအနှံတွေကို
ဘယ်လိုလုပ်မလဲတဲ့လေ။ဒီမြင်ခင်းပြင်ပေါ်ထားခဲ့
လည်းဘယ်သူမှမယူပါဘူးဆိုတော့ နုတ်ခမ်းတစူစူ
အလိုမကျပြန်တဲ့ရုပ်ကလေးနဲ့။

"ကဲပါ။တက်ပါ။လမ်းအများကြီးလျောက်ရင်
ညရောက်ရင်ခြေထောက်တွေကိုက်လိမ့်မယ်''

မိုးတိမ်တွေကင်းစင်သောအပြာရောင်ညနေခင်း
လေးပါဘဲ။ရွာရိုးတစ်လျှောက် ကုန်းပိုးတော့
သူ့ကျောပေါ်ကနေမှီမှီသမျှပန်းတွေကိုလိုက်ခူးတယ်။
သူ့နားရွက်ကြားပန်းပန်ပေးပီးခိုးခိုးရီနေတဲ့
ရှောင်းကျန့်ကိုရိပေါ်မှာအသည်းတယားယား။

အဝါရောင်ခြယ်သထားတဲ့ပန်းချီကားတစ်ချပ်လို
မြင်ကွင်းတစ်ဆုံးစိုက်ပျိုးထားတဲ့ရွှေဝါရောင်
နေကြာခင်းကြီး။ရိပေါ်ရှောင်းကျန့်ကိုအောက်ချ
ပေးလိုက်ကာ နေကြာတစ်ပွင့်ခူးလိုက်တယ်။
သူလုပ်သမျှကြောင်တောင်တောင်ကလေးလိုက်
ကြည့်နေတဲ့ရှောင်းကျန့်က သူလှည့်ကြည့်လိုက်
တော့ပြန်ရီပြတယ်။

"ကိုကို''

ရိပေါ်မြေပြင်ပေါ်ဒူးထောက်ချလိုက်တော့ တအံ့
တသြဖြစ်သွားတဲ့ရုပ်ကလေး။

"ကျွန်တော်ကိုကို့ကိုပြောခဲ့တယ်နော်။ကျွန်တော်
အသက်ပြည့်ရင်လက်ထပ်ကြမယ်လို့လေ''

ashy silent (Complete) Donde viven las historias. Descúbrelo ahora