Part(26)

3.6K 363 0
                                    

Zawgyi

ခုံမှာထိုင်ရင်းစာအုပ်ဖတ်နေတုံး ရိပေါ်ကတစ်အိမ်
လုံးကိုမွှေနောက်တော့တယ်။ကြုံတဲ့နေရာထားထား
တဲ့ဆေးလိပ်ဘူးတွေအကုန်လုံး အမိုက်ပုံးထဲလွင့်ပစ်
ရင်း သူ့ကိုလည်းပွစိပွစိနဲ့ရန်လှမ်းလုပ်သေးတယ်။

ဖြစ်သလိုနေနေတဲ့အိမ်ကလေးကရိပေါ်ရောက်လာ
တော့မှကြည့်ပျော်ရူ့ပျော်လေးဖြစ်တော့တယ်။
သန့်ရှင်းလေးလုပ်နေတဲ့ကောင်လေးကိုကြည့်ရင်း
သူပြုံးနေမိတယ်။

ဘုရားသခင်ကသူ့ကိုမှားယွင်းစွာထုဆစ်ခဲ့မိလို့
အားနာသွားတယ်ထင်ပါရဲ့။ပြည့်စုံလွန်းတဲ့ကောင်
လေးကိုလက်ဆောင်အနေနဲ့ပြန်ပေးတယ်။

"ဘာလို့အဲလောက်တောင်စိုက်ကြည့်နေတာလဲ။
ငါ့ကောင်လေးကချောလိုက်တာဆိုပီးတွေးနေတာ
လား''

ပြုံးစစမျက်နာပေးနဲ့သူ့ခုံဘေးကကြမ်းပြင်ပေါ်
လာထိုင်ချတယ်။ချွေးတွေစို့နေတဲ့မျက်နာနုနုလေးက
ပန်းသီးစိမ်းလေးနှင်းရည်တွေရွဲနေသလို။

"အင်း ကိုယ့်ကောင်လေးကအရမ်းချောတာဘဲ''

ရှောင်းကျန့်လက်ထဲကစာအုပ်ကိုပိတ်ရင်း ရိပေါ်
နဖူးလေးကိုဆွဲနမ်းလိုက်တော့ မိုရထားသလို
ပြုံးနေပြန်တဲ့ကောင်လေး။

"ရေသွားချိုးလေ။ကိုကိုနေ့လည်စာပြင်ထားလိုက်
မယ်''

"ဟုတ်''

အသီးအရွက်တွေရေဆေးချက်ပြုတ်နေရင်း
သီချင်းဆိုသံကိုကြားနေရတယ်။ရေချိုးခန်းထဲအော်
ကြီးဟစ်ကျယ်နဲ့သီချင်းဆိုနေတဲ့ဝမ်ရိပေါ်ရယ်ပါ။

ရိုးရှင်းလွယ်ကူတဲ့ဟင်းလျာတွေသာချက်ပြုတ်တာ
မို့ခနလေးအတွင်းမှာဘဲပီးစီးသွားတယ်။ခူးခပ်နေတုံး
ရိပေါ်က သူ့ခါးကိုလာဖက်ရင်း တရူံ့ရူံ့နဲ့ခွေးပေါက်
လေးလိုလုပ်နေပြန်တယ်။

"မွှေးလိုက်တာ။ကိုကို့လက်ရာမစားရတာကြာပီ''

ပြောလည်းပြော လည်ဂုတ်ကိုလေနဲ့လာလာမူတ်နေ
တဲ့ရိပေါ်။အထိမခံတဲ့နေရာမို့ ရှောင်းကျန့် လည်ပင်း
လေးပုဝင်သွားတော့လည်း သဘောတကျရီ
နေပြန်တဲ့ကောင်စုတ်လေး။

ashy silent (Complete) Donde viven las historias. Descúbrelo ahora