Part(16)

3.4K 392 6
                                    

Zawgyi

မိုးပြိုတာဖြစ်ဖြစ်၊တိမ်ညိုတာဖြစ်ဖြစ် မငိုမိတော့ပါဘူး။
ကိုယ့်ကမ္ဘာကမှောက်မိုက်နေခဲ့ပီးသားမို့။

"သေသေချာချာစဉ်းစားပီးပီလား အားကျန့်''

"အင်း''

သူ့ကိုစိတ်အလိုမကျဟန်နဲ့ရီပိုင်က လက်ထဲက file
ကိုချပီးသူ့ရှေ့လာထိုင်တယ်။

"အဲကောင်လေးကမင်းကိုအရမ်းချစ်တာ ဘေးလူ
ဖြစ်တဲ့ငါတောင်ခံစားမိတယ်။မင်းသူ့ကိုမသနားဘူးလား''

ရှောင်းကျန့်အံဆွဲကိုဖွင့်ပီးဆေးလိပ်ဘူးရှာတော့
မတွေ့။ဗီဒိုထဲနဲ့ကုတင်အောက်ကဆေးလိပ်ကြုတ်
တွေလည်းပျောက်ချက်သားကောင်းလျှက်။
ရိပေါ်အကုန်ဆွဲထုတ်ပီးဖွက်ထားတာလား။လွင့်
ပစ်လိုက်ပီလားမသိ။

"ပြန်စဉ်းစားပါဦးလား အားကျန့်''

သူ့ကိုအားမလိုအားမရဖြစ်နေဟန်ရှိတဲ့ရီပိုင်ကို
လှည့်ကြည့်ရင်း တစ်ချက်ရီလိုက်မိတယ်။ရိပေါ်ကို
သူကြည့်လို့ဒီလိုလုပ်ရတာပေါ့။

ကြယ်လေးဟာကောင်းကင်မှာဘဲတောက်ပနိုင်
တာမျိုး။ရိပေါ်ရဲ့အနာဂတ်ဟာသူနဲ့ဝေးရာမှာမှ
ပိုပီးလင်းလက်နိုင်မှာမလား။ချစ်ဖို့ကောင်းတဲ့မိသားစု
ဘဝဟာသူမရခဲ့သလို ပေးဖို့လည်းမတတ်နိုင်ခြင်း
တွေ။

အတ္တကြီးကြီးနဲ့ဆွဲမနစ်ရက်ပါဘူးကောင်လေး
ရယ်။မင်းအေးချမ်းဖို့သာရည်ရွယ်ပီးတခုတ်တရ
ဖန်တီးယူဖြစ်တဲ့အနာတရတွေပါ။နည်းနည်း
လောက်ငဲ့ညာ ရင်ရောက်ရာအရပ်မှာကြည်လင်
စွာပျော်ဝင်ပါ။လေပြည်အဝှေ့မှာကြွေကျတာမင်းအပြုံး
တွေဘဲဖြစ်ပါစေ။

"ငါဆူံးဖြတ်ပီးပီ ရီပိုင်၊ရိပေါ်ကငါနဲ့ရှိနေသင့်တဲ့သူ
မဟုတ်ဘူး။သူကလွပ်လွပ်လပ်လပ်ပျံသန်းပီး
လှလှပပဖူးပွင့်ရမယ့် နေရောင်ခြည်လေးပါ။ငါ့ရဲ့
ကမ္ဘာကသူတောက်ပဖို့အတွက် အရောင်းအဆင်း
မွဲလှပါတယ်''

သက်ပြင်းအသာချရင်းရီပိုင်က စိတ်မကောင်းသလို။

"အင်းပါ။မင်းနောင်တမရဖို့ဘဲငါမျော်လင့်ပါတယ်''

ုငါမရှိတဲ့အရပ်မှာဖူးပွင့်ပါ။ငါမပါဝင်တဲ့အနာဂတ်မှာ
လင်းလက်ပါ။ရနံ့ရှိတဲ့နေ့ရက်တွေကိုဘဲစိုက်ပျိုးပါ။
မင်းဘဝကလေးကာလာစုံပါစေကောင်လေးရေ။

ashy silent (Complete) Tempat cerita menjadi hidup. Temukan sekarang