Unicode Part..1

104 1 2
                                    

" ရှင်းရှင်းရေ ခဏ လာအုန်းဟေ့ "

" ဟုတ်ကဲ့ လာပြီ မေမေရေ "

အိမ်ရှေ့မှာ စာလုပ်နေတဲ့ 'ဇွန်မီမီရှင်း'တစ်ယောက် မေမေခေါ်လို့ ထလိုက်တယ်ဆိုရင်ပဲ

" ဂလုန်း..ဂလွမ်"

မြည်သံနဲ့အတူ ခြင်ဆေးခွေထွန်းထားတဲ့ခွက်ကလေး အဝေးသို့လွင့်စင်ထွက်သွားလေတော့သည်။အသံကြားလို့ အခန်းထဲကထွက်လာတဲ့ 'မမ' က

" အင်း ...ဖြစ်ကမယ် ထီခနဲဆို မကြည့်လိုက်နဲ့ 'မယ်ရှင်း' ပဲ, နင် အောက်လေးဘာလေး ကြည့်သွားပါလား မျက်လုံးက သေချာမကြည့်ဘူး"

"မမကလည်း 'ရှင်း' က စာလုပ်နေတာလေ ဒီဟာ အောက်မှာရောက်နေတာ ဘယ်သိပါ့မလဲ ဒါက်ို 'ရှင်း'အောက်မှာဘယ်သူလာထား,ထားတာလဲ "

ဘေးမှာ တီဗွီစင် သန့်ရှင်းရေးလုပ်နေတဲ့ ဖိုးမူလေးက မျက်နှာငယ်လေးနဲ့ ဝင်ပြောလာလေသည်။

" သမီးထားတာ မမရှင်း မေမေကြီးက မမရှင်း စာလုပ်နေတာ ခြင်ကိုက်မှာစိုးလို့ ခြင်ဆေးခွေသွားထွန်းပေးလိုက်ဆိုလို့ "

" အဲ့တာများ ဖိုးမူ ရယ် ငါ့စားပွဲအောက်ကို လာထားတော့ ကျားကိုက်မှာစိုးလို့လား အခုလ်ို ခုံဘေးလာထားတော့ ငါက ထ ရင် ခြေထောက်နဲ့ကန်မိမယ်ဆိုတာကို မတွေးဘူး အခုတော့ ငါပဲဆူခံရပြီ "

" မယ်ရှင်း နင် သူများကိုမပြောနဲ့ ကိုယ် ထတော့မယ်ဆိုတည်းက ကြည့်လိုက်ပါလား ကသမ်းကရမ်း ထ လိုက်ပြီးတော့များ "

" မသိဘူး ဖိုးမူ ဟိုဟာတွေ သိမ်းလိုက်အုန်း နောက်တစ်ခါ ခြင်ဆေးခွေထွန်းပေးရင် စားပွဲခုံအောက်လာထား "

" ဟုတ်ကဲ့ မမရှင်း "

အမဖြစ်သူ 'လဲ့လဲ့ဇွန်' ရဲ့ ဆူခံထိလိုက်တာကြောင့် ကုလားမနိုင်ရခိုင်မဲကာ ဖိုးမူလေးကို မဲလိုက်တော့သည်။ဒါကို ရိပ်မိတဲ့ မမဇွန်ကလည်း

" ထားလိုက် ဖိုးမူလေး သူကန်ထုတ်တာ သူ့ဘာသာသိမ်းပလေ့စေ လာ မမကို အခန်းထဲမှာ ကူလုပ်ပေး လာခဲ့ အဲ့ တံမြက်စည်း သူ့ပေးလိုက် "

မမဇွန် စကားကြောင့် သူမလက်ထဲကို တံမြက်စည်းလာပေးဖို့ပြင်နေတဲ့ ဖိုးမူလေး အနားမရောက်ခင်ပဲ

ချာတိတ်ကို အပိုင်သိမ်းမယ့် ဦးWhere stories live. Discover now