Unicode Part..3
" 'ဘွားဘွား'ရေ ထမင်းစားကြရအောင် "
"ဟုတ်ကဲ့,လာပြီ မေမေရေ "
သူ မေမေ့ခေါ်သံကြောင့် အောက်သို့ဆင်းလာခဲ့ပြီး
မေမေရှိရာ ထမင်းစားခန်းထဲသို့ဝင်လာခဲ့လိုက်သည်။" အန်တီသိင်္ဂီ ပြန်သွားပြီလား "
" အေး..ခုနကပဲ ပြန်သွားတယ် လာ ထိုင် သားကြိုက်တဲ့ ကြက်မွကြော်လေးကြော်ထားတယ် "
" ဟုတ်ကဲ့ "
သူတို့ ထမင်းစားနေရင်းမှ မေမေက ခုနကကိစ္စကို ပြန်မေးလာလေသည်။
" သား,သမီးရှင်းရှင်း အလုပ်ကိစ္စကိုဘယ်လိုစဉ်းစားထားလဲ "
" ဟုတ် သား မနက်ကျမှစုံစမ်းကြည့်လိုက်ပါ့မယ် မေမေ "
"မေမေပြောချင်တာကလေ သားရဲ့ show room မှာရော အလုပ်လေးဘာလေးမရှိဘူးလား တခြားဆီမှာလုပ်ခိုင်းတာထက်စာရင် ကိုယ့်လူရင်းဆီမှာဆိုတော့ သိင်္ဂီလည်း ပိုစိတ်ချတာပေါ့ "
" သားဆီမှာက လူမလိုသေးဘူး မေမေရဲ့ ဟိုတစ်နေ့ကမှ အရောင်းစာရေးမ အသစ်သွင်းလိုက်တာဆိုတော့ အခု သားဆီမှာအရောင်းစာရေးက နှစ်ယောက်ရှိနေပြီလေ "
" ဟုတ်လား, မေမေကတော့ သားဆီမှာ အလုပ်ကလေးရစေချင်တာ ,'ရှင်းရှင်းလေး'က အခုဆိုအပျိုပေါက်လေးဆိုတော့ စိတ်ကစားပြီးရည်းစားတွေဘာတွေထားသွားမှာလည်းကြောက်နေတာ..သားရဲ့,အန်တီသိင်္ဂီက အလုပ်သာခိုင်းရတယ် စိတ်မချဖြစ်နေတာ ခုနကလည်း အဲ့အကြောင်းပဲပြောနေကြတာ,တကယ်လို့ သားဆီမှာ အဆင်မပြေရင်တော့လည်း သေချာစိတ်ချရတဲ့လူဆီမှာပဲ စုံစမ်းပေးလိုက်ပါ သားရယ်"
"ဟုတ်ကဲ့ စိတ်ချပါ သား သေချာစိတ်ချရတဲ့လူဆီမှာပဲ အပ်ပေးပါ့မယ် "
ထမင်းစားသောက်ပြီး သူလည်းအပေါ်ပြန်တက်လာခဲ့လိုက်သည်။ နဂိုကလို ပြတင်းပေါက်ကနေ ချာတိတ်ရဲ့စာကျက်နေတာကို မမြင်ရတာတောင်ကြာနေခဲ့ပါပြီ။ချာတိတ်အပေါ်ထားတဲ့ သူ့စိတ်ခံစားချက်တစ်ခုကို သေချာသိနေခဲ့တာကြာနေပေမဲ့ အသိစိတ်ရဲ့တားဆီးထားမှုကြောင့် ဟန်ဆောင်နေခဲ့တာလည်း သူသာသိနေရတဲ့ မွန်းကြပ်လှသည့်အမှန်တရားတစ်ခုပင်။
YOU ARE READING
ချာတိတ်ကို အပိုင်သိမ်းမယ့် ဦး
Romance😘😘😘😘😘😘😘အသက်အရွယ်ကွာတဲ့ ဦးနဲ့ချာတိတ်တို့ရဲ့ မပြောင်းလဲသောချစ်ခြင်းကိုဖော်ကျူးထားတဲ့ fic လေးပါ