နောက်သုံးရက်လောက်ကြာတော့' ဘွားဘွား' တစ်ယောက်မပြန်ခင်လေး ကိုနိုင်ထူးတို့အိမ်ဘက် လာခဲ့လိုက်သည်။ခြံဝရောက်တော့ ခြံတံခါးပိတ်ထားတာနဲ့ လူခေါ်ခေါင်းလောင်းလေးတီးလိုက်တော့ အိမ်ထဲကနေ ချာတိတ်လေးတစ်ယောက်ထွက်လာလေသည်။သူ့ကိုတွေ့တော့
" ဘယ်သူလဲ မသိဘူး "
" ကိုကြီးနိုင်ထူးရှိလား ချာတိတ်လေး "
" ဟုတ်ကဲ့ ရှိတယ် ဦးလေး ခဏစောင့်နော်"
သူ့ကို တံခါးဖွင့်မပေးပဲနဲ့ အိမ်ထဲပြေးဝင်သွားကာ သူ့ဦးလေးငယ်ကို အော်ခေါ်သံကြားလိုက်ရသည်။
" လေးငယ် ..လေးငယ် အိမ်ရှေ့မှာ ဦးလေး တစ်ယောက် လေးငယ်ကို လာရှာနေတယ် "
" အေး...အေး ရှင်းရှင်းရေ လေးငယ်က အိမ်ဘေးမှာ လာခိုင်းလိုက်လေ"
အသံတွေပြန်တိတ်သွားပြီး ချာတိတ်မ ပြန်ပြေးထွက်လာကာခြံတံခါးဖွင့်ပေးရင်းမှ
" လေးငယ်က အိမ်ဘေးမှာတဲ့ သွားလိုက်ပါနော်"
" တော်သေးတယ် ကိုယ်က ဒီမှာပဲ နေခြောက်လှန်းနေရမလားလို့ တံခါးဘာလို့ ဖွင့်မပေးခဲ့တာတုန်း"
" သြော်..ဦးလေးရယ် ဒီခေတ်ကြီးထဲ လူလိမ်တွေကပေါမှပေါနဲ့ တံခါးဖွင့်ပေးလို့ဘယ်ရမလဲ လာ ဝင်လို့ရပါပြီ "
သူ့ကို တံခါးဖွင့်ပေးပြီးဝင်ခွင့်ပေးလိုက်တာကြောင့် သူ ခြံထဲဝင်လိုက်ကာ ကိုကြီးနိုင်ထူးရှိရာ အိမ်ဘေးကိုလာခဲ့လိုက်လေသည်။
" ကိုကြီးနိုင်ထူး ဘာတွေလုပ်နေတာလဲ "
" ဟေ...မင်းလား ငါ့တူမက ဦးလေးတစ်ယောက်ဆိုတော့ ရပ်ကွက်ထဲက ငါ့သူငယ်ချင်းတစ်ယောက်ယောက်မှတ်နေတာ "
" ဟုတ်ကဲ့ ကိုနိုင်ထူးတူမက ကျွန်တော့်ကိုခြံတံခါးမဖွင့်ပေးသေးပဲ အပြင်မှာထားခဲ့သေးတာ ဗျ ပြီးမှ လာဖွင့်ပေးတာ "
" ဟုတ်လား အားနာလိုက်တာကွာ လာ လာ အိမ်ထဲသွားစကားပြောကြရအောင် ဒီမှာနေပူတော့မှာ လာ"
သူတို့အိမ်ထဲရောက်တော့ ခုနက ချာတိတ်လေး အသံစူးစူးကိုကြားလိုက်ရသည်။
YOU ARE READING
ချာတိတ်ကို အပိုင်သိမ်းမယ့် ဦး
Romance😘😘😘😘😘😘😘အသက်အရွယ်ကွာတဲ့ ဦးနဲ့ချာတိတ်တို့ရဲ့ မပြောင်းလဲသောချစ်ခြင်းကိုဖော်ကျူးထားတဲ့ fic လေးပါ