" ဘွားဘွားရေ ဟိုဘက်အိမ်ကို ဖိတ်စာပေးပြီးပြီလား"
" ဟုတ်ကဲ့ အန်တီလေး "
" သိင်္ဂီ ရော တွေ့လား "
" မတွေ့ဘူး အဲ့အိမ်ကအငယ်မလေး ထွက် လာယူတယ် "
" သြော်..အေး..အေး "
'ဘွားဘွား' ဟိုဖက်အိမ်ကပြန်လာပြီးထဲက မတင်မကျဖြစ်နေတာကြောင့် သိချင်နေတဲ့အကြောင်းကို အန်တီလေးကို သွားမေးလိုက်တော့သည်။
" အန်တီလေး ကျွန်တော် မေးစရာရှိလို့ "
" အေး..မေးလေ ဘာမေးချင်လို့လဲ "
" ဟိုဟာလေ ကျွန်တော်ဖိတ်စာသွားပေးတော့ အဲ့အိမ်က အငယ်မလေးငိုနေတာတွေ့လို့ အဲ့တာ"
" ဟေ..ဟုတ်လား, အင်း စာမေးပွဲကျထားတာကို ထပ်အဆူခံရတာနေမှာ "
" စာမေးပွဲကျတယ် ဟုတ်လား ပြောတော့ စာတော်တယ်ဆိုပြီး "
"မနှစ်ကလည်း စာကျက်သံတော့ကြားတာပဲ ဒါပေမဲ့ သူ့အမေပြောတာတော့ အဲ့နှစ်ကအရမ်းအိပ်တယ်ဆ်ိုပဲ ဒီရက်ပိုင်းတော်တော်တိတ်နေတာ မနက်က ဈေးမှာတွေ့တော့ မနက်ဖြန်ပြန်ထားမယ် ကျုရှင်ကောင်းကောင်းစုံစမ်းနေတယ်ပြောတယ် ဒီတစ်နှစ်တော့အောင်လောက်ပါတယ် "
'ဘွားဘွား'လည်း ဆက်ပြောစရာမရှိတော့တာနဲ့ အိမ်ပေါ်ထပ်တက်လာခဲ့လိုက်သည်။ပြတင်းပေါက်နားလာရပ်ကာဟိုဖက်အိမ်က်ိုလှမ်းကြည့်လိုက်တော့သူ့အခန်းလို့ထင်ရတဲ့အခန်းထဲက စားကြည့်စားပွဲမှာငုတ်တုတ်လေးထိုင်နေတဲ့ ချာတိတ်လေးကိုတွေ့လိုက်ရသည်။သူ့ဖက်ကကြည့်ရင်း ဘေးတစောင်းအနေအထားဖြစ်သည့်အပြင် သူက အပေါ်ထပ်ကကြည့်နေတာကြောင့် သူ့ကိုတော့တွေ့ရဖို့မရှိလို့ သူ သေချာကြည့်နေလိုက်သည်။ဒီချာတိတ်လေး အသားတော်တော်လှသည်ပင် အသားကမဖြူပဲ အဝါဘက်ရောက်သည်။ မျက်နှာဘေးတစောင်းလေးမှာမြင်နေရတဲ့ နှာခေါင်းစင်းစင်းလေးက အရမ်းမချွန်ပဲ လူနဲ့လိုက်အောင်မျက်နှာကလည်းသေးသေးလေးပင်။ဂုတ်ဝဲဆံပင်လေးထားတာကြောင့် ခေါင်းငုံ့ချလိုက်ရင် မျက်နှာကိုမမြင်ရတော့ပေ။သူ သေသေချာချာကြည့်မိနေရင်း ဟိုဘက်ကနေဖျတ်ခနဲလှည့်ကြည့်လာတာကြောင့် ချက်ချင်းအကြည့်လွှဲကာ ဟိုးအဝေးကိုမျှော်ကြည့်နေသယောင်လုပ်လိုက်ရသည်။လူက အနည်းငယ်လန့်သွားတာကြောင့် ရင်ခုန်တာလည်းမြန်နေရသည်။တအောင့်လောက်ကြာတော့ သူ့ကိုမော့ကြည့်နေရာက ချက်ချင်းထကာ ထွက်သွားတာကိုမကြည့်ပင်မဲ့မြင်လိုက်ရတော့မှာ လန့်လို့ခုန်သွားသော နှလုံးကိုဖိကာ ကုတင်ပေါ်လာထိုင်နေလိုက်ရသည်။
YOU ARE READING
ချာတိတ်ကို အပိုင်သိမ်းမယ့် ဦး
Romance😘😘😘😘😘😘😘အသက်အရွယ်ကွာတဲ့ ဦးနဲ့ချာတိတ်တို့ရဲ့ မပြောင်းလဲသောချစ်ခြင်းကိုဖော်ကျူးထားတဲ့ fic လေးပါ