' ရှင်းရှင်း 'အပြင်က ပြန်ရောက်တယ်ဆိုရင်ပဲ ဧည့်ခန်းမှာ စာထိုင်ဖတ်နေတဲ့ မေမေက
" ဟော်..သမီး ပြန်လာပြီလား အဝတ်လဲပြီး မေမေဆီ ခဏလာခဲ့အုန်းပြောစရာရှိလို့ "
" ဟုတ်ကဲ့ ခဏနော် မေမေ "
" အေး..အေး.."
အဝတ်လဲပြီးတော့ သူမ မေမေ့အနား ဝင်ထိုင်ကာ
" ဟုတ် မေမေဘာပြောမလို့လဲ"
" အေး..ခုနက မမကြည်လာသွားတယ် သားဘွားဘွားက သမီးကိုသူ့အလုပ်မှာ နေရာလွတ်တစ်နေရာရှိလို့ လာလုပ်မလားမေးလို့တဲ့ "
" ရှင်! ဟိုတစ်ခါပြောတုန်းကတော့မရှိဘူးဆို အန်တီကြည်ပဲပြောတာလေ "
" အင်း..မေမေ့အထင်တော့ အခုမှနေရာလွတ်သွားတာနေမယ် သမီးရဲ့ "
" ဘာပဲဖြစ်ဖြစ်ပါ မေမေရယ် အခု ရှင်းက ဒီအလုပ်မှာအဆင်ပြေနေပြီဟာကို မပြောင်းချင်ဘူး မေမေကြည့်ပြောပေးပါလား "
" အင်း..တကယ်က မေမေ ကိုယ်တိုင်ကပြောင်းစေချင်တာ သမီးရဲ့ အသိမိတ်ဆွေမရှိတဲ့နေရာထက်စာရင် သိတဲ့လူရှိတဲ့နေရာက ပိုမကောင်းဘူးလား သမီးရယ် မေမေ စိတ်ချလက်ချနေရတာပေါ့"
" ဒါပေမဲ့ အလုပ်ကဝင်တာမကြာသေးဘူးလေ အခုအလုပ်ရှင်က ရှင်း တို့အပေါ်အရမ်းကောင်းတာမို့ ရှင်း ပြောရမှာအရမ်းအားနာတယ် , တကယ်လို့ မေမေ အန်တီကြည်တို့ကို ပြောရမှာ အားနာရင် သမီး ပြောကြည့်မယ်လေ "
" သမီးက ဘယ်သူ့ကိုပြောမှာလဲ "
" အလုပ်ခေါ်တာ ဦးဘွား ဆိုတော့ သူ့ပဲကိုယ်တိုင်ပြောလိုက်တော့မယ် "
" အင်း.ညနေကျ သားဘွားဘွားပြန်ရောက်တော့ သွားပြောကြည့်ပေါ့ မေမေကတော့ သွားလုပ်စေချင်တယ် ဒါပေမဲ့ သမီးက အဆင်ပြေပါတယ် မပြောင်းချင်ဘူးဆိုတော့လည်း သွားပြောကြည့် ငြင်းကြည့်ပေါ့"
" ဟုတ်ကဲ့ "
သူမ မေမေနဲ့စကားပြောပြီးသည်နှင့် အခန်းထဲဝင်လာကာ ဟ်ိုလူကြီးကို ဘယ်လိုပြောရင် အဆင်ပြေနိုင်မလဲဆိုသည့်အတွေးနှင့် စကားစီနေလိုက်တော့သည်။
YOU ARE READING
ချာတိတ်ကို အပိုင်သိမ်းမယ့် ဦး
Romance😘😘😘😘😘😘😘အသက်အရွယ်ကွာတဲ့ ဦးနဲ့ချာတိတ်တို့ရဲ့ မပြောင်းလဲသောချစ်ခြင်းကိုဖော်ကျူးထားတဲ့ fic လေးပါ