Part..5

58 4 0
                                    

' ရှင်းရှင်း 'အပြင်က ပြန်ရောက်တယ်ဆိုရင်ပဲ ဧည့်ခန်းမှာ စာထိုင်ဖတ်နေတဲ့ မေမေက 

" ဟော်..သမီး ပြန်လာပြီလား အဝတ်လဲပြီး မေမေဆီ ခဏလာခဲ့အုန်းပြောစရာရှိလို့ "

" ဟုတ်ကဲ့ ခဏနော် မေမေ "

" အေး..အေး.."

အဝတ်လဲပြီးတော့ သူမ မေမေ့အနား ဝင်ထိုင်ကာ

" ဟုတ် မေမေဘာပြောမလို့လဲ"

" အေး..ခုနက မမကြည်လာသွားတယ် သားဘွားဘွားက သမီးကိုသူ့အလုပ်မှာ နေရာလွတ်တစ်နေရာရှိလို့ လာလုပ်မလားမေးလို့တဲ့ "

" ရှင်! ဟိုတစ်ခါပြောတုန်းကတော့မရှိဘူးဆို အန်တီကြည်ပဲပြောတာလေ "

" အင်း..မေမေ့အထင်တော့ အခုမှနေရာလွတ်သွားတာနေမယ် သမီးရဲ့ "

" ဘာပဲဖြစ်ဖြစ်ပါ မေမေရယ် အခု ရှင်းက ဒီအလုပ်မှာအဆင်ပြေနေပြီဟာကို မပြောင်းချင်ဘူး မေမေကြည့်ပြောပေးပါလား "

" အင်း..တကယ်က မေမေ ကိုယ်တိုင်ကပြောင်းစေချင်တာ သမီးရဲ့ အသိမိတ်ဆွေမရှိတဲ့နေရာထက်စာရင်  သိတဲ့လူရှိတဲ့နေရာက ပိုမကောင်းဘူးလား သမီးရယ် မေမေ စိတ်ချလက်ချနေရတာပေါ့"

" ဒါပေမဲ့  အလုပ်ကဝင်တာမကြာသေးဘူးလေ အခုအလုပ်ရှင်က ရှင်း တို့အပေါ်အရမ်းကောင်းတာမို့ ရှင်း ပြောရမှာအရမ်းအားနာတယ် , တကယ်လို့ မေမေ အန်တီကြည်တို့ကို ပြောရမှာ အားနာရင် သမီး ပြောကြည့်မယ်လေ "

" သမီးက ဘယ်သူ့ကိုပြောမှာလဲ "

" အလုပ်ခေါ်တာ ဦးဘွား ဆိုတော့ သူ့ပဲကိုယ်တိုင်ပြောလိုက်တော့မယ် "

" အင်း.ညနေကျ သားဘွားဘွားပြန်ရောက်တော့ သွားပြောကြည့်ပေါ့ မေမေကတော့ သွားလုပ်စေချင်တယ် ဒါပေမဲ့ သမီးက အဆင်ပြေပါတယ် မပြောင်းချင်ဘူးဆိုတော့လည်း သွားပြောကြည့် ငြင်းကြည့်ပေါ့"

" ဟုတ်ကဲ့ "

သူမ မေမေနဲ့စကားပြောပြီးသည်နှင့် အခန်းထဲဝင်လာကာ ဟိုလူကြီးကို ဘယ်လိုပြောရင် အဆင်ပြေနိုင်မလဲဆိုသည့်အတွေးနှင့် စကားစီနေလိုက်တော့သည်။

ချာတိတ်ကို အပိုင်သိမ်းမယ့် ဦးWhere stories live. Discover now