Chapter❤5

322 39 8
                                    

Unicode*******

Summy:'' Boun အပြင်ကပြန်လာပြီလား ''
Boun: ''ဟုတ်တယ်လေ မမ ဘာလို့လဲ''
Summy: '' ဒီနေ့ကလပြည့်ညနော် နင်မေ့နေမှာစိုးလို့ ကြည့်ရတာအရမ်းပျော်နေပုံပေါက်လို့ ''
Boun:'' ဟာ...ဟုတ်သားပဲ တစ်လတစ်ကလည်းမြန်လိုက်တာ ဟူးးးးး''

ဒီနေ့က လပြည့်နေ့ဖြစ်တဲ့အတွက် Vampire တွေ အမဲလိုက်ထွက်ကြရတယ် ဒါပေမယ့် ဝံပုလွေတွေရဲ့နယ်မြေကိုတော့ကျော်ပြီးသွားလို့မရဘူးပေါ့
Boun နဲ့ Summy က လူသားရှောင်တဲ့အတွက် ဒီလပြည့်ညမှာ သူတို့မဖြစ်မနေကိုအမဲလိုက်ထွက်ကြရတယ် တကယ်လို့ မထွက်ဖြစ်ခဲ့ရင် သူတို့ရဲ့ ကိုယ်တွင်းမှာရှိတဲ့စွမ်းအားတွေလျော့သွားပြီး သူတို့ရဲ့ ခန္ဓာကိုယ်ပါအန္တရာယ်ဖြစ်လာတတ်တယ်

အဲ့လိုလပြည့်ညမျိုးမှာဆိုရင် Boun တို့အဖေရှိတဲ့ ချင်းမိုင်မှာတော့ Vampire တွေ အမဲလိုက်ပြီးယဇ်ပူဇော်ကြတယ်

Kun Nut: '' Mean.... Boun ရဲ့သတင်းဘာကြားသေးလဲ''
Mean:'' သူ P'Summy ဆီရောက်နေတယ်လို့ကြားတယ် Phor ''
Kun Nut:'' ဒီကောင် သူတော်ကောင်ကြီးဘဝကိုဘယ်တော့စွန့်လွှတ်မှာလဲမသိဘူး Mean မင်းသူတို့ဆီလိုက်သွားပြီး ဖြစ်သမျှအကုန်ငါ့ဆီအကြောင်းကြား ဒီချိန်မှာ သားကိုပဲအားကိုးရတော့မှာပဲ ''
Mean: '' ဟုတ်ကဲ့ပါ phor ''

....................
Tinnn tggggg (bell တီးသံ)
Summy: ''Boun ရေ အိမ်ရှေ့မှာဘယ်သူလာနေတာလဲမသိဘူးတံခါဖွင့်ပေးလိုက်ဦး ''
Summy စကား ဆုံးဆုံးချင်း Boun တံခါးနားကိုသွားနေတုန်းမှာပဲ Mean က ကိုယ့်ဘာသာတံခါးကိုဖွင့်ပြီး ဝင်လာလိုက်တယ်

Boun:'' Oh hooo ဘယ်သူများလဲလို့ စုံထောက်ကြီးပဲ ''

Mean: "Ai Boun. ..ရောက်ရောက်ချင်းရန်မစနဲ့ မင်းအသက်က ငါ့လက်ထဲမှာနော် Phorက ခုချိန်မှာငါပြောတဲ့တိုင်းပဲယုံမှာ ''

Boun:" အဲ့တော့ ငါက မင်းတို့လက်ထဲမှာသေမယ်ပေါ့လေ ''

Summy:" ဟဲ့ တော်ကြပါတော့နင်တို့ကလည်း တွေ့တာနဲ့ ကိုက်မယ်ဆိုတာကြီးပဲ ''

Mean:"သတိထားနေ မမ မျက်နှာနဲ့မို့ပေါ့နော် ''
Boun:"ငါကမင်းကိုကြောက်စရာလား ''

Summy :" ကဲတော်ပြီလို့ Mean ရုတ်တရက်ကြီးအကြောင်းမကြားဘာမကြာနဲ့ ဘယ်လိုဖြစ်တာလဲ ''
Boun: '' ဘာရှိရမှာလဲ ကျွန်တော့်အကြောင်းစုံစမ်းခိုင်းလို့လာတာပဲနေမှာပေါ့ ''
Summy:''Ai Boun ပါးစပ်ပိတ်ထား ''
Mean:" သူပြောတဲ့အတိုင်းပဲ.....''
Boun:" ဝန်ခံသားပဲ ''
Summy:"စိတ်ပူမနေပါနဲ့ ငါ ဒီည Boun ကိုခေါ်ပြီး သွားမှာပါ ဦလေးကိုလည်းပြောလိုက်စိတ်ချပါလို့ ''
Mean: " ဒါကတော့ သူ့ကိုကျွန်တော်စောင့်ကြည့်ရမှာပေါ့.... အိမ်ကမထွက်ခင်စကားကျယ်သွားတဲ့သူဆိုတော့လေ ''
Boun:'' အေး စောင့်ကြည့်နေ ငါနိုင်တာမင်းမြင်ရလိမ့်မယ် ''
Boun တစ်ယောက် အချေအတင်ပြန်ပြောပြီး အခန်းထဲကို ဝင်သွားလိုက်တယ်......

"A Vampire is trying to save You'' (BounPrem)Where stories live. Discover now