Unicode*****
Plan တစ်ယောက် မနက်မိုးလင်းတော့ ညကအပျော်လွန်းပြီး အစောကြီးအိပ်သွားတဲ့ Prem ကိုလည်းနှိုးမရတာနဲ့ တစ်ယောက်ထဲမနက်စာအတွက်စျေးသွားဝယ်လေသည်။
Mall ထဲသို့ရောက်သောအခါ....
ဝယ်စရာတွေအကုန်ရွေးပြီး ပိုက်ဆံရှင်းရန်ကောင်တာတွင် ပိုက်ဆံအိတ်ကိုရှာတော့မှ အိမ်မှာပိုက်ဆံအိတ်ကျန်ခဲ့တာ သိသွားသည်။
Plan:'' Shiaaaa. ...ပိုက်ဆံအိတ်ကျန်ခဲ့ပြီ ဘယ်လိုလုပ် ရမလဲ ဝယ်ထားတာတွေလည်းအများကြီးပဲ ဟို..ဟိုလေ...P' ကျွန်တော်လေ...ဟွာ ပိုက်ဆံအိတ်ကျန်ခဲ့လို့ ကဒ်ထဲက ပိုက်ဆံကလည်းမလောက်လို့ အဲ့ဒါ ဒါလေးတွေ ပြန်ထားလိုက်လို့ရလားဟင်''
Staff:"မရပါဘူးရှင့် ဒါတွေအားလုံး ဘောင်ချာဖြတ်ပြီးသားမို့လို့ပါရှင့် ''Plan:" အိုးးးသေပါပြီ ဟုတ်ကဲ့ခဏလေးနော် ဒီနားမှာပဲဖုန်းလေးခဏဆက်မယ်နော် ''
ကာလနဂါးလိုအသေအိပ်နေတဲ့ ချီး ဝက် ကိုပဲ ဖုန်းဆက်ပြီး လာပို့ခိုင်းရတော့မယ်TTTTTTTT.......
Plan:"ဟေးးး Ai Prem ခုချက်ချင်းငါ့ဆီလာပြီကူညီဦး ဒီမှာ ပိုက်ဆံမရှင်းနိုင်လို့ ငါအဖမ်းခံရတော့မယ် ''
Boun:"ဟမ် ဘယ်သူက ဘယ်သူ့ကိုပြောနေတာလဲ??''
Plan:" ဟေးးးးးး ဘယ်သူကြီးလဲ Prem မဟုတ်ဘူးလား အိုး ငါစျေးခဏထွက်သွားတုန်း Ai Prem ဘယ်သူ့ကိုခေါ်အိပ်နေတာလဲ 😵😵''Boun: '' ဟိတ် ဟိတ် ပေါက်ကရတွေပြောမနေနဲ့ ငါတော့ Ai Pao ဖုန်းနဲ့ လွဲလာပြီထင်တယ် သေစမ်း မနေ့ကလည်း စိတ်ညစ်နေတာနဲ့ ဖုန်းကိုလုံးဝ သတိမထားမိလိုက်ဘူး မင်းက သူ့သူငယ်ချင်း လား ''
Plan:" ဟုတ်တယ် P'.... P က ဟိုနေ့က စားသောက်ဆိုင်မှာတိုက်မိတဲ့ P လား AiPrem ကလေ မနေ့က ပြန်ရောပြီးထဲက ဘာမေးမေးရှက်ပြီး အစောကြီးကို အိပ်သွားတာ ခုထိမနိူးသေးဘူး P ကျွန်တော့်ကို ကူညီပါဦး ''
Boun:" မင်းက ခုဘယ်မှာလဲ''
Plan:"ကျွန်တော် Mall ထဲမှာ မနက်စာလာဝယ်တာ ဖြစ်နိုင်ရင် P... Prem ဆီဖုန်းဆက်ပြီးပြောပေးလို့ရလားဟင်''
Boun:"okok ပြောပေးမယ် မင်းရောက်နေတဲ့နေရာအတိအကျ ပြော ငါ့ကို ''
Plan:"ဟုတ်ကဲ့ P''Boun က Plan ရောက်နေတဲ့နေရာကို တစ်ခါ ပြန်ပြီး ရွတ်ပြနေတုန်း နောက်ကနေ Mean က ခိုးပြီး နားထောင်နေလေသည်။
YOU ARE READING
"A Vampire is trying to save You'' (BounPrem)
FanfictionBounPrem ကို Vampire character နဲ့ အားလုံးမြင်ချင်ကြမယ်ထင်ပါတယ် Boun ကလည်း live တစ်ခုမှ Vampire အဖြစ်သရုပ်ဆောင်ချင်တယ်ပြောသွားတာနဲ့ ဒီ fan fic လေး ရေးဖို့ စိတ်ကူးရသွားတာပါ ❤ niht က tran တာတွေပဲများတော့ ခုကိုယ်တိုင်ရေးတာဆိုတော့ အမှားပါသွားရင် ဖတ်လို့...