Chapter❤1

1.1K 58 8
                                    

Unicode****

ချင်းမိုင်မြို့စွန်ရဲ့တစ်နေရာ..... တောအုပ်နှင့်အနီးနားတွင် ကြီးကျယ်ခမ်းနားလွန်းသည့် အဆောက်အဦးကြီးရှိလေသည်။

Kun Nut: "ဟေ့ကောင် Boun.... မင်းက မင်းကိုယ်မင်း တော်လွန်းတယ်ဆို ပြီး ဘဝင်လေဟပ်ပြီး လုပ်ချင်ရာအကုန်လုပ်နေတာလား '' Boun ရဲ့အဖေဖြစ်သူ Kun Nut က ဒေါသတစ်ကြီးနဲ့ပြောလိုက်သည်။

Boun:''ကျွန်တော်က အဖေတို့ သားကောင်တွေကို လွှတ်ပေးတယ်လို့ ထင်နေတာလား noo ကျွန်တော်နဲ့မဆိုင်ဘူး ''

Kun Nut: "တောက်...မင်း ကွာ ငါလက်ပူးလက်ကြပ်မိလို့ကတော့ မင်း ငါ့အကြောင်းအသိဘဲ မင်းက ငါတို့ Vampire မျိုးရိုးရဲ့အမွေဆက်ခံသူဆိုပေမယ့် မင်းကိုယ်မင်းတစ်ထစ်ချယုံကြည်မနေနဲ့ ငါ့မှာ Mean တစ်ယောက်လုံးရှိသေးတယ်ကွ''

Mean: ''Ai Boun... မင်းနဲ့ငါ ဘယ်သူပိုတော်လဲ အားလုံးမြင်စေရမယ် မင်းလို ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ လူသားတွေကို ကာစီးကာစီးလုပ်နေတဲ့ကောင်က ဘယ်လို ရာထူးဆက်ခံနိုင်မှာလဲ ဟားဟား''

Boun: " မင်းစောင့်ကြည့်နေလိုက်ပါ ပွဲကမပြီးသေးဘူး ငါ့ရဲ့ ဆက်ခံပွဲအတွက် ယဇ်ကောင်ကို ငါကိုယ်တိုင် ခေါ်ပြီး ပြန်လာခဲ့မယ် စောင့်ကြည့်နေ''
Bounတစ်ယောက် ဒေါသတကြီးနဲ့ ပြန်ပြောပြီး အိမ်ထဲကထွက်လာလိုက်တယ်...ဒါပေမယ့် သူ့စိတ်ထဲမှာ သူ့စကားအတိုင်းမဖြစ်မှာစိုးရိမ်နေသည် သူဟာ စကားတည်ရုံသာမက အဘက်ဘက်ကပြောစရာမရှိလောက်အောင် အရည်အချင်းပြည့်လွန်းသည်..ခုတစ်ခေါက်မှာ သူအရမ်း စကားလွန်သွားပြီလားဟု စဥ်းစားနေမိပေမယ့် အို...ငါပြောပြီးပြီး ပြောတဲ့အတိုင်းဖြစ်အောင်လုပ်ရတော့မှာပဲဟု ဆုံးဖြတ်ပြီး ဘန်ကောက်သို့ထွက်ခဲ့သည်။

.................
Boun တို့နှင့် မောင်နှမဝမ်းကွဲတော်သော Summy သည် ဘန်ကောက်တွင် ကျောင်းတက်နေသည် သူမကတော့ ချင်းမိုင်က အိမ်ကိုပြန်မလာ အတော်ကြာလေပြီ...ဒါပေမယ့် Boun နဲ့ Mean ကတော့ ကျောင်းပိတ်ရက်တိုင်း ချင်းမိုင်သို့ပြန်လေ့ရှိသည် သူတို့ညီကိုနှစ်ယောက်က အမြဲတမ်း ဆက်ခံသူရာထူးအတွက်ယှဥ်ပြိုင်နေလေ့ရှိသည်
Boun တစ်ယောက် အိမ်ကိုလေကြီးမိပြီး ကိုယ့်မာနနဲ့ကိုယ် အမရှိရာသို့ ရောက်လာလေသည်။

"A Vampire is trying to save You'' (BounPrem)Opowieści tętniące życiem. Odkryj je teraz