Chapter❤7

284 34 11
                                    

Unicode******

Boun စိတ်ထဲမှာ အရမ်းစိုးရိမ်ပူပန်မှုတွေများနေသည်။ ဒီကလေးက ငါ့ကိုကယ်ရင်းဖြစ်သွားတာပဲဆိုပြီး ကိုယ့်ကိုယ်ကိုလည်းအပြစ်တင်မဆုံးဖြစ်နေသည်။ ထိုအချိန်တွင် တိုက်လိုက်တဲ့ ကားနပါ်ကနေYinဆိုတဲ့ ကောင်မလေးတစ်ယောက်ဆင်းလာလေသည်။
Yin: '' ဟယ် ဘာဖြစ်သွားလဲဟင် ညီမ တောင်းပန်ပါတယ်နော် ကားပေါ်တင်လိုက်ပါ ညီမ ကိုယ်တိုင်ဆေးရုံကိုလိုက်ပို့ပေးပါ့မယ်နော် '' ကောင်မလေးက ပြာပြာသလဲပြောလိုက်သည်။

Boun တစ်ယောက်လည်း ဘာမှကိုပြန်ပြီးရန်မတွေ့နိုင်ဘဲ ချက်ချင်းပဲ Prem လေးကို ပွေ့ချိပြီး ကားပေါ်တင်လိုက်သည် ။ တစ်လမ်းလုံး လက်လေးကို တင်းတင်းဆုပ်ကိုင်ထားပြီး Prem ရဲ့ ခေါင်းလေးကို ပွတ်သပ်နေလေရဲ့

ဆေးရုံသို့ရောက်သောအခါ...

Doc: " လူနာရှင် ဘယ်သူလဲခင်ဗျ အခန်းထဲကိုလိုက်ခဲ့ပေးပါ ''
Boun:"ကျွန်တော်ပါ ခင်ဗျ ဟုတ်ကဲ့ ''
Boun နဲ​့အတူ Yin လည်း လိုက်သွားလေသည်။
Doc:"အရမ်းတော့စိတ်ပူစရာမရှိပါဘူး အသက်အန္တရာယ်လည်းကင်းပါတယ်ဗျ''
Boun:"ဦးနှောက်တွေဘာတွေရောထိသွားသေးလားDoctor''
Doc:"မထိပါဘူးခင်ဗျ ပစ်ကျလိုက်တဲ့အရှိန်ကြောင့်ခေါင်းကွဲသွားတာပဲရှိတာပါ ပြီးတော့ခြေထောက်ကတော့ တစ်လလောက်နားရမယ်ဗျ အရိုးနဲနဲထိသွားလို့ ကျောက်ပတ်တီး စီးထားရမယ် ''
Boun:" ဟုတ်ကဲ့ပါခင်ဗျ သူဘယ်ချိန်လောက်နိုးလာမလဲမသိဘူး''
Doc:" ခု ချက်ချင်းတော့နိုးလာမှာမဟုတ်သေးဘူး ခင်ဗျ နောက် သုံးနာရီလောက်ဆိုရင်တော့နိုးပါပြီ သူနိုးလာပြီဆိုရင် ကျွန်တော့်ကို လာခေါ်ပေးပါနော် ဦးနှောက်နဲ့ပတ်သတ်ပြီး စစ်စရာလေးတွေရှိသေးလို့ပါခင်ဗျ''
Boun:"ဟုတ်ကဲ့ ကျေးဇူးပါ Doctor''

Boun တို့နှစ်ယောက် လည်း Prem ရှိတဲ့အခန်းထဲသို့ပြန်လာကြသည်။ Boun က Prem ကုတင်ဘေးကခုံလေးမှာထိုင်ပြီး Prem လက်လေးကိုကိုင်ထားကာနိုးလာတာကို စောင့်နေလေသည်။
Yin:" အကိုရှင့်.....သူကအကို့ရဲ့ညီလားမသိဘူး ''
Boun:"မဟုတ်ပါဘူး ''
Yin:"အဲ့ဒါဆို အကို့ကောင်လေးလား ဟင်''
Boun:"ဟင်......မဟုတ်ပါဘူး''
Boun လည်းအဲ့တော့မှသတိဝင်ပြီး လက်ကိုရုတ်တရက် ​လွှတ်ချလိုက်သည်။
Yin:" မသိပါဘူး အကိုက တစ်ချိန်လုံးလက်ကိုကိုင်ထားလို့ စစချင်းတုန်းကလည်း ငိုနေတာဆိုတော့ ေကာင်လေးထင်သွားတာ....''
Boun:"မဟုတ်ဘူး...ဘာလုပ်ဖို့လဲ''
Yin:" အဲ့ဒါဆို အကိုက သူ့မိသားစုဝင်မဟုတ်ဘူးပေါ့ ညီမက တိုက်မိတဲ့အတွက် ဆေးရုံစရိတ် ရော ကျန်တာ တွေရော ကုန်ကျစရိတ်တွေတာဝန်ယူပေးချင်လို့ပါ''
Boun:"သူ့မိသားစုလား???''
အဲ့တော့မှ Boun သူ့အကြောင်းဘာမှမသိသေးတာ သတိရသွားသည်။ Yin သာမပြောမိရင် Prem ကို Bounပိုင်တဲ့လူသားတစ်ယောက်လို့ပဲ Boun ဆက်ထင်နေဦးမှာပါ ခုမှ plan ကိုဖုန်းဆက်အကြောင်းကြားဖို့ အမှတ်ရသည်။
TTTTT. .....
Plan:"Ai Prem ဖုန်းလဲ ပြီးပြန်လာမှာဆို ခုထိပြန်မလာသေးဘဲ ထပ် dateနေတာလား မင်းကိုကြီးနဲ့ ''
Boun:"Planလား P'Boun ပါ ဒီမှာ Prem ကားနဲ့တိုက်မိလို့ဆေးရုံတင်ထားရလို့ မင်းကိုအကြောင်းကြားတာ ''
Plan:"ဟမ် Prem ဘာလိုဖြစ်တာလဲ အ​ခြေအနေရောဘယ်လိုလဲ P' ဘယ်ဆေးရုံလဲ ကျွန်တော်ခုလာခဲ့မယ်''
Boun:"Bangkok ဆေးရုံမှာ အခန်း 108 ဒုတိယထပ် ''
Plan '' ဟုတ်ကဲ့ P ခုလာပြီ''
Plan ဆီက ဖုန်းချ ပြီး တော့ Boun Prem ရဲ့ contact list ကိုကြည့်လိုက်တယ် မိသားစုထဲကတစ်ယောက်ယောက်ကိုများဆက်သွယ်လို့ရမလားလို့ပေါ့ ဒါပေမယ့် တစ်ယောက်မှမတွေ့ ခဲ့ဘူး
ဒါပေမယ့် Boun ကို ပြုံးသွားစေမယ့် Contact တစ်ခုတွေ့ခဲ့တယ် Ai'Hia တဲ့
ခဏကြာတော့ Plan ရောက်လာသည်။
Plan:"ဟေးးး Premmmm P'Boun သူမနိုးလာသေးဘူးလားဟင်''
Boun:"အွန်း ဟုတ်တယ် ခဏနေလောက်တော့နိုးမှာပါ ငါလည်းထိုင်စောင့်နေတာ''
Plan:"Prem ဘယ်လိုဖြစ်တာလဲ P' ဘယ်သူကျွန်တော့်သူငယ်ချင်းကို ကားနဲ့တိုက်ရတာလဲ ပြော P''
Yin:" ညီမ ကားနဲ့တိုက်မိတာပါ တကယ်တောင်းပန်ပါတယ်နော် သူက ရုတ်တရက်ကြီးဝင်လာတော့ညီမလည်းအရှိန်မထိန်းနိုင်ဖြစ်သွားတာ ''
Plan:"ငါ့သူငယ်ချင်းလေးမှဖြစ်ရတယ်လို့ 😭😭''(သိတဲ့တိုင်းပဲ Planလေးရဲ့ရုပ်နဲ့အမူအရာကို ပြေးသာမြင်ယောင်ကြည့်ပေတော့😂)

"A Vampire is trying to save You'' (BounPrem)Where stories live. Discover now