Unicode****Prem:Hia. ....
Prem တစ်ယောက် မျက်နှာပျက်ပြီးထွက်သွားတဲ့ boun အတွက်စိတ်ပူသွားသည်။
Yacht:"Hia ဟုတ်လား အဲ့ဒါဆို သူက Boun ပေါ့ မင်းကယ်လိုက်တဲ့ Boun ပေါ့ ဟုတ်လား Prem''
Prem:"အွန်း...အကို ဘယ်သွားမလို့လဲ စိတ်ထိန်းပါ Hiaကို ဘာမှသွားအပြစ်မတင်ပါနဲ့ နော် နော်လို့ Prem ကို ချစ်ရင် သူ့နဲ့ အဆင်ပြေပြေလေးနေပေးကပါနော်''
Yacht:"မဟုတ်မှလွဲရော...မင်းတို့ မင်းတို့က တွဲနေတာလား ''
Prem:"ဟာ....P'Yacht အဲ့လိုမဟုတ်ဘူး တကယ်ပါ Premနဲ့ Hia နဲ့တွေ့တာသိပ်မကြာသေးပါဘူး prem က သူ့အသက်ကိုကယ်လိုက်တာလေ အဲ့ဒါကြောင့် ကိုယ်အသက်ကယ်ထားတဲ့သူကို စိတ်ရောလူရောအဆင်ပြေစေချင်တာပေါ့ နော်နော် prem ကိုနားလည်ပေးပါ Hia လည်းတတ်နိုင်သလောက် ဂရုစိုက်ပေးနေတာပဲကို ''
Yacht:"Ai'Prem.. မင်းကတော့ ဘာလို့ဒီလောက် စိတ်သဘောထားနူးညံ့လွန်းနေရတာလဲ အကိုစိတ်ပူရအောင်လို့''
Prem:"Prem ကိုစိတ်ချပါ နော် ခုတော့ Hia ကို သွားရှာပေးပါ နော်နော်လို့ ''
Yacht မျက်စောင့်တစ်ချက်ထိုးလိုက်သည်။
Prem:"နော်လို့ အကိုကလည်း ကူညီပါဆို ဒီညီလေးတစ်ယောက်ပဲရှိတာကို.. အာ..အာ..သွားရှာရင်လည်း ပြသနာမဖြစ်စေနဲ့နော်''
Yacht:"အေးပါ...မင်းကိုယ်မင်းပဲစိတ်ပူစမ်းပါ 😒''
Yacht တစ်ယောက် သူ့ညီရဲ့စကားကိုမလွန်ဆန်နိုင်ဘဲ Boun နောက်ကိုလိုက်သွားလေသည်။
......................
Boun နံရံဘေးမှာမှီပြီးထိုင်နေတာတွေ့တော့ Yacht အဲ့နားကိုလျှောက်သွားလိုက်သည်။
Yacht:"မင်းကBoun လား''
Bounရုတ်တရက်ထပြီး ပြင်းထန်တဲ့အကြည့်တွေနဲ့အတူ
Boun:"အေး...အဲ့တော့? "Yacht:"အဲ့တော့..prem ကားတိုက်မိတာ မင်းကြောင့်ဆိုပါတော့??''
Boun:" မင်းက ဘာလဲ ''
Yacht:"ငါက Prem အကိုပဲ ''
Boun:"ဟင်..Prem အကို??''
Yacht:"ဟုတ်တယ် မင်းကိုကယ်ခဲ့တဲ့ Prem က ငါ့ရဲ့တစ်ဦးထဲသော ညီလေးပဲ ''
Boun:"အာ...P'. ..ကျွန်တော် တကယ်...တောင်း...ပန် ပါတယ်နော်....Prem ကိုလည်း ကျွန်တော်အစအဆုံးတာဝန်ယူပြီးစောင့်ရှောက်သွားမှာပါနော် ''
Yacht:"ငါ့ညီကို တစ်ယောက်ထဲငါဘယ်လိုစိတ်ဖျောင်းရပါ့မလဲ သူကခုတောင် မင်းဘက်က ကားစီးကာစီးလုပ်နေတာ ''
Boun:"P'. ..ဖြစ်နိုင်ရင်လည်း ကျွန်တော် Prem ကို အစစအရာရာ တာဝန်ယူချင်ပါတယ် ကျွန်တော့်ကိုယုံကြည်ပေးပါ P' ''
Yacht:"ခုတောင်မင်းကြောင့်ဒီလိုဖြစ်ရတာလေ ငါကမင်းကို ယုံပေးရမယ် ဟုတ်လား...ဟာသတွေပြောနေတာလား ''
YOU ARE READING
"A Vampire is trying to save You'' (BounPrem)
FanfictionBounPrem ကို Vampire character နဲ့ အားလုံးမြင်ချင်ကြမယ်ထင်ပါတယ် Boun ကလည်း live တစ်ခုမှ Vampire အဖြစ်သရုပ်ဆောင်ချင်တယ်ပြောသွားတာနဲ့ ဒီ fan fic လေး ရေးဖို့ စိတ်ကူးရသွားတာပါ ❤ niht က tran တာတွေပဲများတော့ ခုကိုယ်တိုင်ရေးတာဆိုတော့ အမှားပါသွားရင် ဖတ်လို့...