Chapter❤2

417 36 6
                                    

Unicode*****

ဒီနေ့က Prem နေတဲ့ အဆောင်ကို လူသစ်တစ်ယောက်ပြောင်းလာမယ့်နေ့ပဲ...Prem တစ်ယောက်သူ့ရဲ့အခန်းဖော်က ဘယ်လိုပုံစံ ဘယ်လိုစရိုက်မျိုးလဲဆိုတာ အလွန်သိချင်နေသည်။ ဘယ်လိုလူပဲလာလာ သူကတော့ တည့်အောင်ပေါင်းမှာပါပဲ ဘာလို့လဲဆိုတော့Prem က လူမှူဆက်ဆံရေးကောင်းမွန်တဲ့သူတစ်ယောက်ပဲလေ ငယ်ငယ်ထဲက မိဘတွေက နိုင်ငံခြားမှာနေတော့ အကိုဖြစ်တဲ့ P'Yacht ကပဲ စောင့်ရှောက်လာခဲ့တာပေါ့

ခုတော့ P'Yatch က ချင်းမိုင်မြို့မှာ တာဝန်ကျလို့ ပြောင်းနေရတယ်လေ P'Yatch က ငယ်ငယ်ထဲက ရဲအရာရှိတစ်ဦးဖြစ်ချင်တဲ့သူ့ရဲ့ ရည်မှန်းချက်အတိုင်းဖြစ်အောင်ကြိုးစားလာခဲ့တာလေ... အကိုဖြစ်သူရဲ့ဆုံးမမှူအောက်မှာနေလာခဲ့ရတဲ့ Prem က လည်းတစ်ခြားသော မိဘနဲ့ဝေးနေတဲ့ကလေးတွေလို ရမ်းကားမှူမရှိခဲ့ဘူး သူတို့နှစ်ယောက်လုံးက လိမ်မာရေးခြားရှိကြတယ်
Prem တို့မိသားစုလေးဟာ အနေဝေးနေကြပေမယ့် နွေးထွေးမှူအပြည့်ရှိတဲ့မိသားစုလေးတစ်ခုပါပဲ

ဒေါက်..... ဒေါက်...(Prem ရဲ့အခန်းတံခါးကိုတစ်ယောက်ယောက်ခေါက်သံ)

Prem တစ်ယောက် ဝမ်းသာအားရနဲ့ တံခါးကိုဖွင့်ပေးလိုက်တဲ့အခါ
Plan: ''Hello! မင်္ဂလာပါ ငါကPlan ပါ ဒီအခနိးကို ပြောင်းလာရတဲ့ လူသစ်ပါ ''

Prem: '' မင်္ဂလာပါ ငါက Prem ပါ တွေ့ရတာဝမ်းသာပါတယ်နော် လာလာ အထဲကိုဝင် ''

Plan: '' မင်းက ဘယ်မေဂျာက လဲ ငါက Law က ငါကခုမှကျောင်းပြောင်းလာတော့သိပ်မသိဘူး ကူညီပါဦးငါ့ကို ''

Prem: '' ဟေးးး မင်းက Law ကလား ငါနဲ့တူတူပဲ တော်သေးတယ် အဖော်ရပြီပေါ့ ''

Plan: '' အမလေး ဝမ်းသာလိုက်တာကွာ ငါကခုမှအသစ်ဆိုတော့ အဖော်မဲ့ ပြီးမှတ်နေတာ ''

Prem: '' အေးပါ ငါရှိပါတယ် ငါတို့ကမေဂျာတူတယ်ဆိုတော့ အမြဲတွေ့ရမှာ နောက်မှအဲ့အကြောင်းတွေပြောရအောင် ခုတော့ ညစာသွားစားကြမယ် ငါအရမ်းဗိုက်ဆာနေပြီကွ ''

Plan: '' အေးအေး ငါ အဝတ်စားလဲလိုက်ဦးမယ်ခဏစောင့်''

Prem :'' okok''

.......................

စားးသောက်ဆိုင်သို့ရောက်သောအခါ
Prem:'' ေဟး Plan ဒါနဲ့မင်းက ဘယ်ကနေပြောင်းလာတာလဲ? "
Plan:'' ငါကချင်းမိုင်က ကွ အဲ့မှာမနေချင်လို့ပြောင်းလာတာ''
Prem:'' ဟင်...ချင်းမိုင်လား မင်းနဲ့ငါနဲ့တိုက်ဆိုင်ပြန်ပြီ ငါ့အကိုလည်းခုချင်းမိုင်မှာတာဝန်ကျနေတာ မင်းကျောင်းပိတ်လို့ပြန်ရင် ငါလည်း ငါ့အကိုဆီလိုက်လည်လို့ရတယ် ''
Plan: '' ငါကတော့ ပြန်ရမှာနည်းနည်းလန့်တယ် ''
Prem: '' ဟမ် ဘာလို့လဲ??''
Plan:'' ငါတို့ဘက်မှာ Vampire ​ပေါတယ်ကြားတယ် နှစ်တိုင်း သူတို့ရဲ့ ပွဲတော်ရက်ဆိ​ု လူတွေဖမ်းပြီး ယဇ်ပူဇော်တာတဲ့ ပြီးတော့သူတို့က ငါတို့လိုလူတွေနဲ့တူတူပဲသွားလာနေတာတဲ့ ငါတော့ပြောရင်းနဲ့ကိူလန့်တယ် မြို့စွန်နားမှာလည်းရဲတိက်လိုအိမ်ကြီးရှိတယ် အဲ့မှာVampireတွေနေကြတယ်ကြားဖူးတာပဲငါတော့ကြောက်လို့အရိပ်တောင်မနင်းဘူး''
Prem:''Vampire ဆိုတာတကယ်ရှိလို့လား မင်းကလည်း ''
Plan:''တကယ်ပါဆိုကွာ မင်းမယုံရင်လိုက်ပြမယ်ချင်းမိုင်လာခဲ့ ပြီးတော့သူတို့တွေကတော်တော်ချမ်းသာပြီး တော်တော်ချောကြတယ်တဲ့တွေ့ရင် မင်းတောင်ကြွေသွားဦးမယ်''
ဝှီးးးးးးးးးဝုန်းးးးးး
ထိုစဥ် လေပြင်းတွေတိုက်လေသည်။
Prem: '' Plan ငါဖျားတော့မှာလားမသိဘူး ချမ်းနေတယ် ကွ ''

"A Vampire is trying to save You'' (BounPrem)Opowieści tętniące życiem. Odkryj je teraz