အခန်း ၉ စာကြည့်တိုက်

178 21 11
                                    

ဟမိုင်းယွန်းနီတယောက် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဒရာကို့စကားတွေကို ပြန်စဉ်းစားနေတယ်၊
ဒရာကိုပြောတာ မှန်များနေလား၊ သူက တကယ့်ကိုပဲ ဘက်လိုက်တွေး‌နေမိတာလား၊
ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်၊ ဒါပေမယ့် ဒီလိုတွေးမယ်ဆိုလည်း တွေးနိုင်စရာအကြောင်းတွေရှိနေတာပဲလေ၊ ဒရာကို့လုပ်ရပ်တွေကို ပြန်ကြည့်ရင်သိနိုင်တာပဲ၊ ကျောင်းတက်စဉ်တလျှောက်လုံး လူတကာကို အနိုင်ကျင့်နေခဲ့တာ၊ ဒီလိုအနိုင်ကျင့်တဲ့သူမျိုးကို ဘယ်သူမဆို မကောင်းမြင်မိမှာ မဆန်းပါဘူး၊
ဒရာကိုက သူများအပေါ်ခွဲခြားဆက်ဆံခဲ့တဲ့အကြောင်းတွေကို အတိတ်ကလုပ်ခဲ့တာလိုမျိုး ပြောခဲ့တာကို တချက်သတိရသွားတယ်၊ ဒရာကိုမာလ်ဖွိုင်းတယောက် တကယ်ကို ပြောင်းလဲသွားတာလား၊
ဟမိုင်းယွန်နီ ခေါင်းကိုခါယမ်းလိုက်တယ်၊ မဖြစ်နိုင်ဘူး၊ သူ့ကို တပတ်ရိုက်ပြီး ဒီနေရာကို ဖမ်းခေါ်လာခဲ့တာကိုပဲ ကြည့်ပါလား၊ ဟယ်ရီ့ကို ခြိမ်းခြောက်ဖို့ ဖမ်းခေါ်လာတာ၊
ဒါပေမယ့် တခုတော့ ရှိတယ်၊ ဒရာကိုက သူ့အပေါ်သိပ်မကောင်းပေမယ့် အရင်လိုမျိုး သူ့ကို မက်ဂယ်လ်ဖွားမှော်ဆရာဆိုပြီး နှိမ့်ချစော်ကားနေတဲ့ပုံစံမျိုးတော့ မတွေ့ရတော့ဘူး၊ သူ နေရထိုင်ရတာ အဆင်ပြေဖို့ အတော်လေးလည်းကြိုးစားလုပ်ပေးထားသေးတယ်၊
ဒါပေမယ့်လည်း ဘာလို့ ဒရာကို ဒီလိုတွေ လုပ်နေတယ်ဆိုတာ နားမလည်နိုင်ဘူး၊ ဒီတချက်ထဲနဲ့လည်း လူကောင်းလို့ သတ်မှတ်မရသေးဘူး၊ မျိုးမစစ်လို့ ပါးစပ်မခေါ်ပေမယ့် စိတ်ထဲမှာ တွေးမနေဘူးလို့ ဘယ်သူပြောနိုင်မှာလဲ၊ ဘာနေနေ ခုချိန်ထိ သူ့ကို သရော်လှောင်ပြောင်နေတာပဲလေ၊
မီးဖိုခန်းထဲကို ပြန်ဝင်သွားလိုက်ပြီး စားပြီးသားပန်းကန်တွေကို ဆေးကြောသိမ်းဆည်းနေလိုက်တယ်၊ သူတို့နှစ်ယောက်လုံး ဘာမှသိပ်မစားနိုင်လိုက်ကြဘူး၊
အဲဒီနောက် မနေ့ည အိပ်မက်ဆိုးမက်တုန်းက ဒရာကို လာနှစ်သိမ့်ပေးတာကို ပြန်သတိရသွားတယ်၊ သူ့ကို ဖက်ထားတဲ့ ဒရာကို့မျက်လုံးတွေထဲမှာ တကယ်ကိုစိတ်ပူနေတဲ့အရိပ်အယောင်တွေ မြင်နေရတယ်၊ သူသိခဲ့တဲ့ ဒရာကိုမဟုတ်တော့ပဲ တခြားတယောက်ဖြစ်‌သွားသလိုပဲ၊ နွေးထွေးပြီး ဂရုစိုက်ကြင်နာတတ်တဲ့လူတယောက်လို့ ခံစားနေရတယ်၊
မီးဖိုခန်းထဲ ရှင်းလင်းသိမ်းဆည်းနေရင်း အတွေးနယ်ချဲ့နေမိတယ်၊ အိမ်မှာလည်း ခေါင်းအေးအေးထားပြီး တွေးစရာတွေရှိလာပြီဆို ဒီလိုပဲမီးဖိုခန်းထဲမှာ ရှင်းလင်းရင်း တွေးတတ်တယ်၊ ဒါပေမယ့်လည်း အတော်လေးကြာတဲ့အထိ အတွေးတွေက အဖြေရမလာဘူး၊
ဘေလ်စင်ထဲကို ရေဖြည့်လိုက်တယ်၊ ပန်းကန်ဆေးနေရင်း သီချင်းနားထောင်လိုက်ရရင် ခေါင်းရှုပ်နေတာတွေ သက်သာသွားမှာလို့ စဉ်းစားလိုက်မိတယ်၊
ဘေးနားကစင်ပေါ်မှာ ရေဒီယိုတလုံး ရုတ်တရက်ပေါ်လာတယ်၊ စိတ်ဝင်တစားနဲ့ဖွင့်ကြည့်လိုက်တဲ့အခါ ငယ်ငယ်က နားထောင်နေကျမက်ဂယ်လ်သီချင်းသံ ပြန့်လွှင့်လာတယ်၊ အမေနဲ့အတူ မီးဖိုထဲမှာ အတူချက်ပြုတ်ခဲ့ကြတဲ့ ကလေးဘဝအချိန်တွေကို ပြန်သတိရမိပြီး ပြုံးလိုက်တယ်၊
အဲဒီနောက် အတွေးတွေကို ဖြတ်ချလိုက်ပြီး သီချင်းသံလေးကို နားဆင်ကာ လိုက်ဆိုနေမိတယ်၊
_______________________________________

အိပ်မက်ထဲမှာМесто, где живут истории. Откройте их для себя