အခန်း ၁ မျှော်လင့်ချက်

808 36 7
                                    


ဒရာကိုမာလ်ဖွိုင်းက ရေအေးအေးနဲ့ မျက်နှာသစ်လိုက်ပြီး ဘေလ်စင်ပေါ်မှာ ချိတ်ထားတဲ့မှန်ဆီ မျက်လုံးရောက်သွားတယ်၊ မှန်ထဲကပုံရိပ်က သူ့ကို မျက်နှာထားတင်းတင်းနဲ့ ပြန်ကြည့်နေတယ်၊
ဒီနှစ်တွေအတွင်း ရှင်သန်ရတာ သူ့အတွက် လုံးဝမလွယ်ကူဘူး၊ မှန်ထဲက သူ့ပုံရိပ်က ဖြူဖျော့နွမ်းလျနေတယ်၊
ဒီရုပ်သွင်ကို သူဘဝတလျှောက်လုံး စက်ဆုပ်ခဲ့တယ်၊ ဒီနှစ်တွေအတွင်း စက်ဆုပ်မှုက ပိုတောင်ဆိုးလာသေးတယ်၊ မာလ်ဖွိုင်းအမွေခံတယောက်အနေနဲ့၊ ဒက်အီတာအနေနဲ့ရော သူလုပ်ခဲ့သမျှတွေက သူ့အသိစိတ်မှာ ဖိစီးနေတယ်၊
ဒီနေ့ညမှာတော့ သူ့ကိုပြန်ကြည့်နေတဲ့ ပုံရိပ်က ပြောင်းလဲမှုတခုဖြစ်နေတယ်၊ ပထမဆုံးအကြိမ်အနေနဲ့ အရာတခုကို သူမြင်မိတယ်၊
မျှော်လင့်ချက်
မျှော်လင့်ချက်အရိပ်အယောင်လေးတခုက သူ့မျက်လုံးမှာ ရစ်သန်းနေပြီး ဒါကိုပဲ ကောက်ရိုးတမျှင်လို သူအတင်းဆုပ်ကိုင်ထားချင်တယ်၊
လပေါင်းများစွာ အစီအစဉ်ဆွဲပြီးနောက် သူ့ရဲ့အစီအစဉ်ကို ဒီနေ့ညမှာ အကောင်အထည်ဖော်ရတော့မယ်၊ ဒီနေ့လုပ်မယ့်ကိစ္စကြောင့် သူ့ဘဝအဆုံးသတ်သွားမှာလား၊ ဒါမှမဟုတ် စုတ်ပြတ်နေတဲ့ဘဝကြီးထဲကနေ ရုန်းထွက်ခွင့်ရနိုင်မှာလားဆိုတာ သူသေချာမသိဘူး၊
သူရဲ့ သေသပ်ကျနတဲ့ ဝတ်ရုံအိတ်ထဲကနေ ရုပ်ပြောင်းရုပ်လွဲဆေးရည်ပုလင်းကို ထုတ်ယူလိုက်တယ်၊ သူက တချက်ထဲ မော့သောက်လိုက်ပြီး အရသာဆိုးလွန်းလို့ မျက်နှာမဲ့သွားတယ်၊ သူ့ရဲ့ ရွှေရောင်ဆံပင်၊ မျက်နှာသွယ်သွယ်၊ ရှည်လျားတဲ့အရပ်တွေက မျက်စိအောက်တင်ပဲ ပြောင်းလဲသွားတယ်၊
သူ့အရပ်က လက်မအနည်းငယ်နိမ့်သွားတယ်၊ ဆံပင်က အနက်ရောင်ပြောင်းသွားတယ်၊ မျက်လုံးအရောင်က မီးခိုးရောင်ကနေ အညိုရောင်ပြောင်းသွားတယ်၊ မှန်ထဲကနေ သူ့ကို တော်တော်လေးဆွဲဆောင်မှုရှိတဲ့ စတီဖင်ကာမိုက်ကယ်ရဲ့ မျက်နှာက ပြန်ကြည့်နေတယ်၊ ဒီလူက သူနဲ့ရွယ်တူ စိတ်ဝင်စားစရာမကောင်းတဲ့မှော်ဆရာတယောက် ဖြစ်တယ်၊ ဒီလူ့ကို သူ့မိဘတွေနဲ့အတူ ကလေးဘဝ၊ ဆယ်ကျော်သက်ဘဝတွေမှာ အမေရိကန်သွားတုန်းက တွေ့ဖူးတယ်၊
'ရုပ်ကိုက ပျင်းစရာကြီး' သူက မနှစ်မြို့စွာ ရေရွတ်လိုက်တယ်၊ 'ဂရိန်ဂျာအကြိုက်ပါပဲ'
ရေချိုးခန်းက ထွက်လာပြီး အိပ်ရာပေါ်က ဝတ်ရုံနဲ့ မှော်ကြိမ်လုံးကို ယူလိုက်တယ်၊ ဆေးရည်အာနိသင်မကုန်ခင် နာရီအနည်းငယ်ပဲ သူ့အတွက်အချိန်ရမယ်ဆိုတာ သိနေတော့ လုံးဝကို အချိန်ဖြုန်းဖို့ မစဉ်းစားရဲဘူး၊
မီးလင်းဖိုရှေ့မှာ မတ်တတ်ရပ်ပြီး ဖလူးပေါင်ဒါကို ပစ်ထည့်လိုက်ကာ သူသွားမယ့်နေရာကို ပီပီသသအော်လိုက်တယ်၊ 'မှော်ဝန်ကြီးဌာန'
မတတ်ပတယောက်ကို သူဆွဲဆောင်ရဦးမယ်လေ၊

အိပ်မက်ထဲမှာDonde viven las historias. Descúbrelo ahora