《Zawgyi》
အခန်း(၁) : စာရေးဆရာတစ်ယောက် ပြုတ်ကျသေဆုံး။
千里之行,始于足下。
(Qiān Lî Zhī Xíng, Shî Yú Zú Xià)
A journey of thousand miles, begins at one's feet.{ထောင်သောင်းများစွာဝေးကွာသော ခရီးတစ်ခုသည် လူတစ်ယောက်၏ ခြေထောက်အောက်မှစတင်သည်။}
ဤစကားပုံက တက်သစ်စလူငယ် စာရေးဆရာလေး ယင်ယန်၏ အအောင်မြင်ဆုံး ဝတ္ထု 《ကောင်းကင်ဘုံသို့ တက်လှမ်းမည့် ကြာပန်းဖြူတစ်ပွင့်》ထဲမှ ကောက်နှုတ်ချက် စကားပုံတစ်ခုဖြစ်သည်။ ယင်နှင့် ယန်ကို အမှီပြုကာ ယင်ယန်ဟု nickname ယူထားသည်ကိုသာ သိကြပြီး မည်သူမှ အမည်အရင်းကိုမသိကြသော အနှီလျှို့ဝှက်ဆန်းကြယ်သည့် ထိုစာရေးဆရာ၏ အနှစ်သက်ဆုံးသော စကားပုံ တစ်ခုလည်း ဖြစ်သည်။ 《ကောင်းကင်ဘုံသို့ တက်လှမ်းမည့် ကြာပန်းဖြူတစ်ပွင့်》ထဲမှ ဇာတ်လိုက်လူငယ်လေး ကျိုးပိုင်လျန်၏ နတ်ပြည်မတက်လှမ်းခင် ကြုံတွေ့ရသောဘဝအခက်အခဲများကို ထင်ဟပ်နေစေသော စကားပုံလည်း ဖြစ်သည်။
အနှီဆန်းကြယ်သည်ဟု အမည်တပ်ခံရသော စာရေးဆရာမှာ အမှန်ကတော့ ငယ်စဉ်က စိတ်ဒဏ်ရာများရခဲ့သော အသက်၃၀အရွယ် မိဘမဲ့လူငယ်လေးဖြစ်သည်။ ဝတ္ထု၃ပုဒ်ရေးခဲ့ပြီး ၃ပုဒ်လုံးအောင်မြင်ခဲ့သည်။ ယခု《ကောင်းကင်ဘုံသို့ တက်လှမ်းမည့် ကြာပန်းဖြူတစ်ပွင့်》ဝတ္ထုကတော့ ပြောရမည်ဆိုလျှင် သူ့ရဲ့ မိဘမဲ့ ဂေဟာမှ တွေ့ဆုံခဲ့သည့် မိဘမဲ့ညီငယ်လေးကို ဂုဏ်ပြု၍ ရေးသားခဲ့သော XianXia ဝတ္ထုဖြစ်သည်။ အနှီကြာပန်းဖြူခဲ့သို့ ရိုးသားလှပါသော ဇာတ်လိုက်၏ မေတ္တာဓာတ်ကြောင့် သူ့အပေါ်မုန်းတီးသူများက ချစ်ခင်လာပြီး ရန်သူများက သူ၏ နောက်လိုက်ဖြစ်လာကာ ငယ်ငယ်ရွယ်ရွယ်နှင့် နတ်ပြည်သို့ တက်လှမ်းနိုင်ခဲ့သည်။
အမှန်ကတော့ ဤသည်က ဝတ္ထုတစ်ပုဒ်သာ ဖြစ်သည်။ အပြင်လောကတွင်တော့ ဖြူစင်လွန်းသူသည် ဤကြမ်းတမ်းလှသော လောကကြီးတွင် ရှင်သန်ရန် မဖြစ်နိုင်ပေ။ သူ၏ မိတ်ဆွေညီငယ်လေးသည်ပင် ရိုးသား ဖြူစင်လွန်းသောကြောင့် ရက်စက်သောမွေးစားမိဘများ၏ အသုံးချခြင်းကို ခံရကာ အသက်၁၃နှစ်တွင် နယ်စပ်သို့ မူးယစ်ဆေး သယ်ပေးရင်း လမ်းတွင် အသတ်ခံလိုက်ရလေသည်။
YOU ARE READING
Everyday, preventing my playful white lotus master!!!
Historical Fictionစာရေးဆရာတစ်ယောက် သူကိုယ်တိုင်ရေးထားတဲ့ ဝတ္ထုထဲ ပြန်ရောက်သွားပြီး သူ့ရဲ့စပ်စလူးဆရာကို ပြန်လိုက်ထိန်းနေရတဲ့ ဇာတ်လမ်းတစ်ပုဒ်...ဆရာတပည့်နှစ်ယောက် မသိလိုက်မသိဘာသာ ချစ်ကြိုးသွယ်မိသွားတဲ့ BLဇာတ်လမ်းလေး ဖြစ်ပါတယ်။ ရှင်းယန် : "ငါ့ဆရာက ကြာပန်းဖြူလေးလိုဘဲ..အရမ်...