Chapter-3

643 127 8
                                    

《Zawgyi》

အခန်း(၃) : ဆရာချောချောလေး တစ်ယောက်တော့ရပြီ။

ရှင်းယန် ထိုသူကို စေ့စေ့ကြည့်နေလိုက်သည်။ သူယခု သူ့ရဲ့ ကိုယ်ပိုင်ဝတ္ထုထဲ transmigrateလုပ်ခံလိုက်ရမှန်း အတည်ပြုပြီး ဖြစ်သည်။ ထို့ကြောင့် သူ့ရှေ့က လူက အဓိကဇာတ်လိုက် ကျိုးပိုင်လျန်ဖြစ်ရမည်။ အနှီလူက အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို အနောက်ဖက်တွင် ကျောက်စိမ်းဖြူဆံထိုးဖြင့် ပြေပြေလေးထုံးထားကာ ကျန်တစ်ဝက်ကို ချထားသည်။ ဇာတ်လိုက် sama၏ အသွင်ပြင်က နတ်သားတစ်ပါးလို ချောမောပြီး မျက်ခုံးက မိုးမခကိုင်းလို ပြေပြစ်စွာတည်ရှိပြီး မျက်ဝန်းများက မမှေးလွန်းမဝိုင်းလွန်းဘဲ အနေတော်ရှိပြီး တောက်ပလွန်းသည်။ နှုတ်ခမ်းများက မထူမပါးနှင့် နှင်းဆီဖူးလေးလို လှပကာ သဘာဝအတိုင်းပန်းရောင်သန်းနေလေသည်။ ထိုသူ၏ အလှက ချောမောလှပလွန်းကာ မိန်းကလေးများထက်ပင် သာလွန်စွာ လှ...လှ...

'လခွမ်း..ဘာလို့ မိန်းကလေးတွေထက်တောင် လှနေရတာလဲ..ငါရေးတုန်းက ဇာတ်လိုက်ကို ချောမောခန့်ညားပြီး စိတ်ထားနူးညံ့တယ်လို့ဘဲရေးထားတာပါ...ဘာကိစ္စ မျက်နှာအစိတ်ပိုင်းတစ်ခုချင်းစီကပါ နူးညံ့လှပနေရတာလဲ'

'တော်ပါပြီ..ငါ့အရင်ကမ္ဘာက အကောက်ကြံမှုတွေနဲ့ဘဲပြည့်နေတာ..အခုဒီဖြူစင်တဲ့ ကမ္ဘာရောက်မှတော့ ဇာတ်ကြောင်းပြောင်းပြီး..ကျိုးပိုင်လျန်ရဲ့ တပည့်မလုပ်ဘဲ..ကိုယ့်ဘာသာ တောက်ဓမ္မလမ်းကြောင်းကို လျှောက်ပြီး ကောင်းကင်ဘုံတက်...'

ထိုစဉ် systemမှ အသံထွက်လာပြန်သည်။

<အဲ့လိုလုပ်လို့မရပါဘူးHost>

< ဘာကိစ္စမရတာလဲ>

<Host ရဲ့ ပထမဆုံး mission က ကျိုးပိုင်လျန်ရဲ့တပည့် ဖြစ်လာရမှာဖြစ်ပါတယ်...OOCလို့ရပေမဲ့ ဇာတ်ကြောင်းကိုတော့ ပြောင်းလို့မရပါဘူး>

<ငါ သူ့တပည့်မလုပ်တာနဲ့..ဇာတ်ကြောင်းသိပ်ပြောင်းမှာမှ မဟုတ်တာ>

<ဇာတ်လိုက်က တပည့်အလိမ္မာလေးတစ်ယောက်ကို ပျိုးထောင်နိုင်လိုက်ခြင်းက လူအများအမြင်မှာ cool ဖြစ်ပါတယ်...အကယ်၍ တပည့်လေးမရှိခဲ့ရင် coolnessလျော့သွားတဲ့အတွက် ဇာတ်ကြောင်း သိပ်မလှတော့ပါဘူး>

Everyday, preventing my playful white lotus master!!!Where stories live. Discover now