Chapter-5

534 70 3
                                    

《Zawgyi》

အခန်း(၅) : ကမ္ဘာ့အရသာအရှိဆုံးဟင်းလျာ

ဂိုဏ်းချုပ်အဆောင်တော်မှ ပြန်လာပြီးနောက်တွင်တော့ ကျိုးပိုင်လျန်တစ်ယောက် သူ့တပည့်လေး၏ အကြံပြုချက်အတိုင်း စားရန် အသီးအရွက်များကို စတင်ချက်ပြုတ်တော့သည်။ နေ့တစ်ဝက်ခန့်ကြာအောင် ချက်ပြုတ်နေပြီးနောက်တွင်တော့ ကံမကောင်းစွာပင် ထျန်းလျန်တောင်ထွတ်တစ်ဝက်လောက်ကို မီးခိုးများဖြင့် ဖုံးလွှမ်းသွားစေပြီးမှသာ စားစရာဟု အမည်တပ်၍ပင်မရနိုင်လောက်သော ဟင်းလျာနှစ်ပွဲကို ချက်ပြုတ်ပြီးစီးသွားလေသည်။

ရှင်းယန် စားပွဲပေါ်မှ ဟင်းနှစ်ပွဲကို ကြည့်လိုက်သောအခါ နှုတ်ခမ်းများ တွန့်လိမ်သွားလေသည်။ တစ်ပွဲမှာ ခရမ်းရောင်ပေါက်နေသည့် အာလူးနှင့်ဘာမှန်းမသိသည့်ရွက်များရောချက်ထားသည့် ဟင်းချိုဖြစ်ပြီး နောက်တစ်ပွဲမှာ ပို၍ဆိုးရွားစွာပင် မည်သည်တို့ဖြင့် ချက်ထားမှန်းမသိသော စိမ်းပြာရောင်တောက်တောက်အရောင်ရှိသည့် ဟင်းပွဲဖြစ်သည်။ ရှင်းယန် မစားဘူး ငြင်းလိုက်ချင်သော်လည်း မျက်လုံးများ အရောင်တလက်လက်ဖြင့် မျှော်လင့်ချက်တကြီး ကြည့်နေသော ဆရာသခင်ကြောင့် လက်လျော့ပြီး အံ့ကိုခဲကာ တူကိုကိုင်ပြီး စိမ်းပြာရောင် ဟင်းလျာအား တစ်လုပ်ယူစားလိုက်ရရှာတော့သည်။

အရသာကတော့ ထင်သည့်အတိုင်း အတော်လေးကို အလွန့်အလွန်ဆိုးရွားလှလေသည်။ ဟင်းပွဲအမြင်ကပင် အတော်လေးဆိုးရွားနေပြီဖြစ်သော်လည်း အရသာကတော့ အမြင်ထက်ပင် အဆပေါင်းတစ်ရာခန့်ပို၍ ဆိုးရွားလေသည်။ ဤဟင်းပွဲအား အရသာမရှိဘူး၊ စားလို့မကောင်းဘူး၊ အဝင်ဆိုးသည်ဟု ပြောလျှင်ပင် ချီးကျူးရာ ရောက်နေဦးမည် ဖြစ်သည်။ ၎င်းအရသာကို တိတိကျကျဖော်ပြရလျှင်တော့ စက်ဆုပ်ရွံ့ရှာဖွယ်အရသာရှိသည့် အမှိုက်လိုဟင်းလျာဟု ဖော်ပြရမည်ပင်ဖြစ်သည်။ ရှင်းယန် ပါးစပ်ထဲမှဟင်းကို မိမိကိုယ်မိမိအတင်းဖိအားပေး၍ မျိုချလိုက်ရာ သီးသွားတော့သည်။

တပည့်လေး အစားနင်နေသဖြင့် ကျိုးပိုင်လျန်တစ်ယောက် နင်နေတာ သက်သာရန်အတွက် စေတနာပရပွဖြင့် ခရမ်းရောင်ဟင်းချိုကို တစ်ဇွန်းမောက်မောက် ခတ်ပြီးတိုက်လိုက်လေသည်။ ရလဒ်အနေဖြင့်ကတော့ ဟင်းချို၏ ဖန်ငန်စပ်ခါးအရသာကြောင့် ရှင်းယန်တစ်ယောက် ခေါင်းတွေပိုပြီးဆိုးလာကာ ကျို့ပါထိုးတက်လာတော့သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: May 08, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Everyday, preventing my playful white lotus master!!!Donde viven las historias. Descúbrelo ahora