《Zawgyi》
အခန်း(၄) : တပည့်ပေါက်စလေးမွေးကြမယ်။
ကျိုးပိုင်လျန် သူ့ရဲ့တပည့်ပေါက်စလေးကို ချီပြီး ထျန်းကော တောင်ထွတ်ဆီအရင်ခေါ်သွားလိုက်သည်။
"မုရှစ်ရှုန်း ကျွန်တော်မေးစရာရှိလို့"
"အင်း...မေးလေ"
မုကျိုကော သူ့သားရဲကြီးကို ပွတ်သတ်ပေးနေရင်း နောက်လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
"အကောင်ပေါက်ကလေးတွေကို ဘယ်လိုမွေးရလဲ...ဘာတွေကျွေးမွေးပြီး ဘယ်လိုစောင့်ရှောက်ရတာလဲ"
"အွန်း..သူတို့ကို ချစ်ခင်ယုယပေးရတယ်..နေ့စဉ်ပွတ်သက်ပေးရတယ်..ကျွေးတာကတော့ အသီးအရွက်ဖြစ်ဖြစ် အသားဘဲဖြစ်ဖြစ်သူတို့ အမူအကျင့်အပေါ်လိုက်ပြီး ကြည့်ကျွေးရတာပေါ့..ရေလည်း ၁ပတ်တစ်ခါလောက်တော့ ချိုးပေးသင့်တယ်"
"ကျေးဇူးဘဲ ရှစ်ရှုန်း"
ပြောပြီးတာနဲ့ ကျိုးပိုင်လျန် သူ့တပည့်ပေါက်စကို ချီကာ သူ့ရဲ့ ထျန်းဟွားတောင်ထွတ်ကို တချိုးတည်း န်ြသွားလေသည်။
"ရှစ်တိ မင်းဘာသားရဲမွေးမလို့...အန် ဘယ်ရောက်သွားပါလိမ့်"
ထိုစဉ် အနောက်ဖက်မှ သူ့ရဲ့တိုက်ရိုက်တပည့်လေး ဟောက်မင်ထွက်လာလေသည်။
"ရှစ်စွမ်း ဘာလို့ သားရဲမွေးနည်းတွေ သွားပြောလိုက်တာလဲ"
"သူမေးလို့လေ"
"ရှစ်စွမ်း ဒီတပည့်ကတော့ ဆရာတူဦးလေးကျိုး မွေးမှာက သားရဲပေါက်မဟုတ်ဘဲ လူပေါက်စလို့ထင်တာဘဲ...သူကလေးတစ်ယောက်ကို ချီလာတာ"
"အို!? ငါမှနောက်မလှည့်ကြည့်မိတာ..ဟောက်မင် ငါတို့တော့ အဲ့ကလေးအတွက် ဆုတောင်းပေးရတော့မယ်ထင်တယ်..ငါ့ရှစ်တိရဲ့ ရိုးအပုံနဲ့ဆိုရင် အဲ့ကလေး ကြာကြာခံပါ့မလားဘဲ...သူကရော ဘာစိတ်ကူးပေါက်လို့ ကလေးတစ်ယောက်ကို ခေါ်လာပါလိမ့်"
$$$$$$$$$$$$
ထျန်းဟွားတောင်ထွတ်၏ တောင်သခင်အဆောင်တော်ထဲတွင် မုန်လာဥ၊ ကန်စွန်းရွက်၊ ဂေါ်ဖီထုပ်၊ မုန်လာထုပ်များ အစရှိသဖြင့် ဟင်းသီးဟင်းရွက်အစုံတင်ထားသော စားပွဲကြီးဘေးဖက်တွင် ဆရာတပည့်နှစ်ယောက် အကြည့်ချင်းအားပြိုင်နေလေသည်။ ခဏအကြာတွင် ရှင်းယန်မနေနိုင်တော့ဘဲ လှမ်းအော်လိုက်တော့သည်။
CITEȘTI
Everyday, preventing my playful white lotus master!!!
Ficțiune istoricăစာရေးဆရာတစ်ယောက် သူကိုယ်တိုင်ရေးထားတဲ့ ဝတ္ထုထဲ ပြန်ရောက်သွားပြီး သူ့ရဲ့စပ်စလူးဆရာကို ပြန်လိုက်ထိန်းနေရတဲ့ ဇာတ်လမ်းတစ်ပုဒ်...ဆရာတပည့်နှစ်ယောက် မသိလိုက်မသိဘာသာ ချစ်ကြိုးသွယ်မိသွားတဲ့ BLဇာတ်လမ်းလေး ဖြစ်ပါတယ်။ ရှင်းယန် : "ငါ့ဆရာက ကြာပန်းဖြူလေးလိုဘဲ..အရမ်...