Chapter-2

871 128 6
                                    

《Zawgyi》

အခန်း(၂) : ထျန်းခုန်းဂိုဏ်း၏ အကျော်အမော်များ

ထျန်းခုန်းဂိုဏ်းမှာ ကျင့်ကြံရေးလောကတွင် နာမည်ရဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ ထိပ်တန်း၎ဂိုဏ်းထဲတွင် တစ်ဂိုဏ်းအပါအဝင်ဖြစ်သည်။ ထိပ်တန်း၎ဂိုဏ်းမှာ ထျန်းခုန်းဂိုဏ်း(ကောင်းကင်)၊ ထူသိဂိုဏ်း(မြေကြီး)၊ ဟိုင်ယန်ဂိုဏ်း(ပင်လယ်)နှင့် ဟော်ယန့်ဂိုဏ်း(မီးတောက်)တို့ ဖြစ်သည်။ ဂိုဏ်းတစ်ခုခြင်းစီက နာမည်နှင့်လိုက်အောင် အမြင့်ဆုံတောင်တန်းများပေါ်၊ မြေပြန့်ဒေသ၊ ပင်လယ်ရေပြင်နှင့် မြေအောက်ဒေသတို့တွင် အသီးသီးတည်ထောင်ကြသည်။ ဘယ်ဂိုဏ်းက အင်းအားပိုကြီးသည်ဟု မခွဲခြားထားဘဲ မိမိတို့အရပ်နှင့် ပိုင်နက် သတ်မှတ်ကာ အုပ်ချုပ်ကြသည်။

ထျန်းခုန်းဂိုဏ်းတွင် တောင်စဉ် ၆သွယ်ရှိပြီး အမြင့်ဆုံးတောင်ထွတ် ကျိုထျန်းတောင်တွင် ဂိုဏ်းချုပ်ဟိုင်ဟွေထျန်း နေထိုင်ပြီး ထိုတောင်မှ တပည့်များက ဓားရေးကို အဓိလေ့ကျင့်ကြသည်။ ထျန်းကျန့်တောင်သခင်မှာ စုန့်ဖုန်းရှင့်ဖြစ်ပြီး လက်နက်ထုလုပ်ခြင်းကို လုပ်ဆောင်ကြသည်။ ထို့အတူ ထျန်းဖူတောင်သခင် ကျန်းရွှယ်ယုံက ဆေးဝါးဖော်စပ်ခြင်း၊ ထျန်းရှင်း တောင်သခင် ချန်မိန်က ကုသရေးနှင့် ထျန်းကောတောင်သခင် မုကျိုကောက သားရဲမွေးမြူယဉ်ပါးရေးကို အထူးပြုလေ့လာကြသည်။ အဓိကဇာတ်လိုက် ကျိုးပိုင်လျန်ကတော့ အဆောင်လက်ဖွဲ့ပြုလုပ်ခြင်းကို အထူးပြုလေ့လာသူဖြစ်သည်။ သို့သော်လည်း ဤသည်က အမည်ခံသာဖြစ်ပြီး အင်းစာရွှက်တွင် ချိပ်စည်းပုံစံအမျိုးမျိုးကို လေ့လာတီထွင်ရုံသာဖြစ်ပြီး တောင်သခင်များထဲတွင် အလုပ်မဲ့အကိုင်မဲ့ အအားဆုံးသော တောင်သခင် တစ်ဦး ဖြစ်လေသည်။ ဆရာသခင်ကြီး၎ယောက်က ယခင် လူသားနှင့် မိစ္ဆာစစ်ပွဲများအပြီး မိစ္ဆာများကို ကန္တာရဒေသအား အပိုင်ပေးကာ အကာအရံစည်းဖြင့် ပိုင်ခြားလိုက်ကြပြီးနောက် တစ်ယောက်တ၉်ဂိုဏ်ူစီ တည်ထောင်ခဲ့ကြသည်။ ထျန်းခုန်းဂိုဏ်းကို ဘက်စုံထူးချွန်သူ ဆရာသခင်ထျန်းရာက တည်ထောင်ခဲ့ပြီး တိုက်ရိုက်တပည့်၆ယောက်လက်ခံခဲ့သည်။ တပည့်၆ယောက်က ထျန်းရာကျွမ်းကျင်သောပညာရပ် ၆ခုကို တစ်မျိုးစီလေ့လာ၍ ထျန်းရာ နတ်ပြည်တက်သွားသောအခါ တပည့်များထဲမှ အကြီးဆုံးတပည့် ဟိုင်ဟွေထျန်းက ဂိုဏ်းချုပ်ဖြစ်လာပြီး ကျန်သူများက တောင်သခင်များ အသီးသီးဖြစ်လာကြသည်။

Everyday, preventing my playful white lotus master!!!Where stories live. Discover now