Part (9)

6.1K 554 4
                                    

Unicode

ဟန်မင်းထွဋ် နောက်နေ့တွေစာလာသင်တော့ ဟိုနေ့ကအကြောင်းကို ဘာမှမပြော။ နေမင်းယံ အိပ်နေတုန်းမို့ မသိလိုက်ဘူး ထင်ကာ ပုံမှန် အတိုင်းပင်နေသည်။ နေမင်းယံ ကတော့ လူကြီးဆရာလည်း မိမိအပေါ် ခံစားချက် ရှိနေသည်ကို သိရ၍ အပြုံးမပျက်။

နေမင်းယံ လက်ကို ကျောက်ပတ်တီးစည်းထားတာ တစ်ပတ်ရှိပြီဖြစ်သော်လည်း မဖြေရသေး။ ထို့ကြောင့် ဟန်မင်းထွဋ်က တွက်စာမလုပ်ဘဲ ကျက်စာချည်းသာ ကျက်ခိုင်းသည်။

ကျက်ရန် အိမ်စာလည်းပေးပြီး သူရောက်လာရင် ဆိုခိုင်းသည့်အပြင် သူ့စာသင်ချိန်တစ်လျှောက်လုံး ကျက်လိုက် ဆိုလိုက် လုပ်ခိုင်းသည်။

" ဒီနေ့ မြန်မာသဒ္ဒါ ကျက်မယ်။ စာ ၈ စာ အရင်ကျက်။ တစ်လုံးမှမလွဲစေနဲ့ ။ ၏ သည် မရွှေးကျက်။ တစ်ပုဒ်ကို တစ်ခါဆို။"

ဟန်မင်းထွဋ်က စာ ၈ စာ ကျက်ရမည့် အပိုဒ်များကို အမှတ်လေးတွေလိုက်မှတ်ပေးပြီး နေမင်းယံ ကိုကျက်ခိုင်းသည်။ နေမင်းယံကလည်း ပြုံးပြုံး နှင့်ကျက်သည်။ တစ်ပုဒ်ပြီးတိုင်း ဟန်မင်းထွဋ်ဆီ ပြန်ဆိုသည်။

နေမင်းယံကလည်း ဥာဏ်ကောင်းတော့ ခနလေးနဲ့ ၈ပုဒ်လုံးပြီးသွားသည်။

"၈ ပုဒ်လုံးပြီးသွားပြီနော် ။ ဘာဆက်ကျက်ပြီးဆိုရမှာလဲ ပြော။"

နေမင်းယံက သွားပေါ်အောင်ပြုံးပြီး မျက်ခုံးနှစ်ဖက်ပင့်ကာပြောလိုက်သည်။ထ်ိုပုံလေးနှင့်နေမင်းယံ အလွန်ချစ်ဖို့ကောင်း နေသောကြောင့် ဟန်မင်းထွဋ်မသိလိုက်ခင်မှာ ပင် ဟန်မင်းထွဋ် လက်ချောင်းလေးများက နေမင်းယံ ဆံပင်လေးများကို ဆွဲဖွပြီး ပါးစပ်မှ

"ချစ်ဖို့ကောင်းလိုက်တာကွာ"

ဟန်မင်းထွဋ်လည်း ပြောပြီးမှ မိမိကိုယ်ကို ​အံအားသင့်ပြီး လက်ကို အမြန်ပြန်ရုတ်ဖို့ပြင်လိုက်တော့ နေမင်းယံက ဟန်မင်းထွဋ်လက်ကို ဘယ်လက်ဖြင့်လှမ်းဆွဲကာ ရင်ဘက်ကိုကပ်၍

"ဆရာ ဆိုတဲ့ ခင်များကြီးလုပ်လို့ ကျွန်တော့ ရင်ထဲမှာ နှလုံးသားက အဆက်မပြတ် ခုန်နေပြီ။ ကျွန်တော် အစက မပြောသေးဘူး လုပ်ထားပေမယ့် အခုတော့ကျွန်တော်ပြောတော့ မယ်ဗျာ။ .......ကျွန်တော်.... ကိုကို့ ကို.. ချစ်တယ် ကိုကို။"

Without you, I would not exist. (complete)Where stories live. Discover now