Part (13)

5.3K 460 17
                                    

Unicode

နေမင်းယံသည် ကျောင်း၌ စာမေးပွဲဖြေတိုင်း 1 to 5 အမြဲရသောကြောင့် ဦးဇေယျာမောင်ကလည်း သားဖြစ်သူအတွက် ဂုဏ်ယူနေမိသည်။ ငယ်ငယ်ထဲက ရန်ဖြစ်ပြီး ရှိသမျှ ပြဿနာ အိမ်သယ်လာတတ်သော မိမိသားသည် ကျောင်းတွင်လည်းစာမလုပ်ပါ သည့်အပြင် အိမ်တွင်လည်းစာကျက်လေ့မရှိ။အခန်းထဲတွင် အမြဲဘိတ်ချီးသာ။ ဦးဇေယျာမောင်က မိဘဆရာအသင်းတွင် ၀င်၍ ကျောင်းရန်ပုံငွေထည့်သောကြောင့်သာ အခန်းကောင်းကောင်းတွင် နေနေရခြင်းဖြစ်သည်။

ယခုလို 1 to 5 ၀င်မယ်လို့ ဦးဇေယျာမောင်တစ်ခါမှမတွေးဘူးခဲ့။ အခုလို ဖြစ်လာတော့ သားကိုပဲ ချီးကျူးရမလား၊ ဟန်မင်းထွဋ်ကိုပဲ ကျေးဇူးတင်ရမလား ဝေခွဲလို့မရခဲ့။ ထို့ကြောင့် နှစ်ယောက်လုံး၏ ကြိုးစားမှုက်ိုပဲ ဂုဏ်ပြုရပေမည်။

တစ်နေ့သော ညနေဟန်မင်းထွဋ်စာလာသင်သောအခါ ဦးဇေယျာမောင်သည် နှစ်ယောက်လုံးကို ဧည့်ခန်းသို့ခေါ်၍

"မောင် ဟန်မင်းထွဋ်။ Uncle လေ အခုအရမ်းပျော်တယ်ကွာ။ Uncleသားက အရင်လိုလည်းမဟုတ်တော့ဘူး။ စာလည်းကြိုးစားလာတယ်။ စာလည်းလုပ်လာတယ်။ ဒါ့အပြင် အခန်းထဲမှာလည်း အဆင့်ကောင်းတော့ Uncle အရမ်း၀မ်းသာတယ်ကွာ။ ပြီးတော့ Uncle သားဒီလိုဖြစ်လာတယ်ဆိုတာကလည်း မင်းအပေါ်မှာ အများကြီးမူတည်တယ်ကွာ။ မင်းလည်းမင်းရဲ့ စကားအတိုင်း မင်းသက်သေပြခဲ့တယ်။ Uncleရဲ့ ယုံကြည်မှုကိုလည်း မင်းခိုင်မာအောင်လုပ်ခဲ့တယ် ဆိုတော့ Uncle မင်းအတွက်လက်ဆောင်ပေးချင်လို့ပါ။ "

ဦးဇေယျာမောင်က ဟန်မင်းထွဋ်ရှေ့သို့ လက်ဆောင်ထုပ်တစ်ထုပ်ကို အသာတွန်းပို့လိုက်သည်။

"Uncle ကျွန်တော် မယူပါရစေနဲ့ ။ ကျွန်တော်က အလကားသင်ရတာလည်းမဟုတ်ဘူးလေ။ တန်ရာတန်ကျေးလစာယူပြီးသင်တာပဲ။ပြီးတော့ ကျွန်တော်သင်တ်ိုင်းရမှာမဟုတ်ဘူးလေ။ နေမင်းယံရဲ့ကြိုးစားမှုပါ Uncle"

ဟန်မင်းထွဋ် နေမင်းယံကို တစ်ချက်ကြည့်လိုက်ပါသည်။ နေမင်းယံလည်းမိမိကိုကြည့်နေသည်လေ။

"မဟုတ်တာကွာ။ Uncle မင်းပြောတာကိုလက်ခံပေမယ့် ဒါက Uncle ရဲ့ ဂုဏ်ပြုမှုမို့ မင်းမငြင်းပါနဲ့ကွာ"

Without you, I would not exist. (complete)Où les histoires vivent. Découvrez maintenant