Part (11)

6.1K 536 10
                                    

Unicode

အစိုးရကျောင်းများလည်း ပြန်ဖွင့်သည်မှာ နှစ်ပတ်ပင်ရှိပြီ။ နေမင်းယံလည်း မနက် ၇နာရီမှ နေ့လည် ၁၂နာရီထိ ကျောင်းတက်ရသည်။ သူငယ်ချင်း ခြောက်ယောက်လုံးက တစ်ကျောင်းတည်းဖြစ်သော်လည်း တစ်ခန်းထဲတော့မကျ။

နေမင်းယံ တို့သူငယ်ချင်းတွေသည် ဆယ်တန်းတစ်နှစ်လုံး လုံး၀ရန်ဖြစ်ခြင်းမပြုရန် အချင်းချင်း ကျိန်ထားကတိပေးထားကြသည်။

နေမင်းယံနှင့် ရှိုင်းတို့အတွဲက တစ်ခန်းဖြစ်ပြီး ကျန်တဲ့သုံးယောက်က တစ်ခန်းဖြစ်သည်။ ရှိုင်းတို့ကျောင်းသည် အလွန်စည်းကမ်းကြီးသည်။ ဖုန်းယူလာခွင့်မရှိ။ ဖုန်းခိုးယူလာ၍ အတန်းပိုင်ဆရာမ မိလျှင် ကျောင်းအုပ်ကြီးရုံးခန်းထဲသို့သွားရမြဲ။ ပြီးလျှင် ဖုန်းကိုတစ်နှစ်လုံးသိမ်းထားလိုက်တာများသည်။ မိဘများကိုယ်တိုင် လာရောက်လက်မှတ်ထိုးပြီး ထုတ်မှသာ ပြန်ပေးသောကျောင်းဖြစ်သည့် အတွက် နေမင်းယံကျောင်းကို ဖုန်းယူမသွားပါ။

လူကြီးဆရာကို စာသင်ချိန်တွင်း မလွမ်းမိအောင်နေရပါသည်။ လွမ်းလျှင် ပုံကြည့်ရန်ဖုန်းကမပါ။ ရှိုင်းတို့ကတော့ နေမင်းယံ ဟန်မင်းထွဋ်ကိုတွေး၍ မှိုင်နေချိန်ဆိုလျှင်

"လဒ မှိုင်မှိုင်နေတာလား။ မင်းမှိုင်တာက လဒထက်ပိုဆိုးတယ်" ဟုပင်အပြောခံရပါသည်။

နေမင်းယံသည် လူကြီးဆရာအကြောင်းမတွေးသည့် အချိန်မရှိသလောက်ပင်။ အတန်းရှေ့တွင် ဆရာမကစာသင်နေလျှင်တောင် လူကြီးဆရာကို သတိရမြဲ။ ဆရာမသင်သည့် သင်ခန်းစာကို လူကြီးဆရာကသင်ဖူးလျှင် ပိုလို့တောင် သတိရမြဲ။

ဒါတောင်လူကြီးဆရာနှင့်ညနေတိုင်း စာသင်နေလို့ပင်။ စာလာမသင်သည့် နေ့သာရှိမယ်ဆို နေမင်းယံ တစ်ခုခုလိုနေသလို။ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေတတ်သည်။ပိုလွန်းတယ်လို့ ပြောလျှင်လည်း နေမင်းယံ ခံရပါမည်။ နေမင်းယံ ဘ၀တွင် လူကြီး ဆရာကအဲ့လောက် အရေးပါပါသည်။

နေမင်းယံသည် မိမိပြောထားသောစကားအရ လူကြီးဆရာကို "ချစ်တယ်" ဆိုသောစကားမပြောတော့သော်လည်း လူကြီးဆရာကို ဂရုစိုက်ကြောင်းတော့ပြဖြစ်ပါသည်။

Without you, I would not exist. (complete)Tempat cerita menjadi hidup. Temukan sekarang