Part (7)

6.6K 612 24
                                    

Unicode.

နေမင်းယံသည် အခန်းထဲမှအပြင်သို့မထွက်ဘဲ အခန်းအောင်းနေသည်မှာ နှစ်ရက်ရှိပြီ။ ထမင်းစားချိန်သာ အောက်ထပ်သို့ဆင်းစားသည်။ ပြီးလျှင်တော့အခန်းထဲတွင်သာ ရပြီးသောစာများပြန်လုပ်လိုက် ဖုန်းထဲမှ လူကြီး၏ ပုံကိုကြည့်လိုက် ဂိမ်းဆော့လိုက်ဖြင့် အချိန်ကုန်နေသည်။

နေမင်းယံသည် ပျင်းလာ၍ ခုံပေါ်တွင်တင်ထားသော ဖုန်းကိုလှမ်းယူပြီး လိုင်းဖွင့်လိုက်သည်နှင့် messageများက တစ်တောက်တောက်၀င်လာပြန်သည်။ ကြည့်လိုက်တော့ စုလဲ့ဆီမှ။

"Sun ။ အကိုက စုလဲ့ပို့တဲ့စာတွေကို ၀င်ကြည့်ပြီး ဘာလို့ စာမပြန်တာလဲ"

"စုလဲ့အကို့ကို ပြောစရာတွေရှိတယ်အကို"

"စုလဲ့ အကို့ကို ချစ်တယ်"

နေမင်းယံ စုလဲ့ပို့ထားသောစာတွေကိုကြည့်ပြီး စိတ်ပျက်မိပါသည်။ ပြန်မကြိုက်နိုင်ပါဘူးလို့ အတန်တန်ငြင်းထားတာတောင် စုလဲ့ဆိုသော ကောင်မလေး ကဇွဲကြီးလှသည်။
အရင်စိတ်နဲ့ဆို စုလဲ့ဆိုသော ကောင်မလေးကို တွဲမိလိမ့်မည်။ အခုကအဲ့လိုတွဲချင်တောင်တွဲလို့မရတော့ ။ နေမင်းယံ၏ စိတ်ထဲမှာ လူကြီးဆရာကသာ နေရာယူထားသည်။

နေမင်းယံ၏ အရာရာမှန်သမျှကို လူကြီးဆရာကိုသာ ပေးချင်သည်။ပိုင်ဆိုင်စေချင်သည်။

နေမင်းယံအတွေးထဲတွင် လူကြီးဆရာကသာ စိုးမိုးလျက်။ ဒီနေ့လည်း လူကြီးဆရာ စာပြန်လာသင်မည့် နေ့ပင်ဖြစ်သည်။ ညနေ ၅နာရီမှ လာမည်ဖြစ်၍ တစ်မနက်လုံးနှင့် တစ်နေ့ခင်းလုံး၏ အလွမ်းကို လူကြီးဆရာ၏ ပုံကိုကြည့်၍ ဖြေဖျောက်ရပါမည်။

နေမင်းယံ လိုင်းပြန်ပိတ်၍ ဖုန်းကိုခုံပေါ်ပြန်တင်လိုက်ချိန်တွင်

Ringtone ......

နေမင်းယံ ဖုန်းလာသည်ဖြစ်၍ ကိုင်လိုက်တော့ Contant မှာတော့ ဘာမှ မရေးထား။ ဖုန်းစိမ်းဖြစ်သည်။

နေမင်းယံအရင်စ၍ထူးမိသည်။

"Hello ဘယ်သူလဲ"

"Hello မိုးဟိန်းသာပါ"

~~~~ဟိုကောင်ပဲ။ ဘာလုပ်ဖို့ဖုန်းဆက်တာလဲ ။ ဟိုတစ်ခါထိုးခံပြီးတာတောင် မမှတ်သေးဘူးလား။~~~~နေမင်းယံတွေးမိသည်။

Without you, I would not exist. (complete)Tempat cerita menjadi hidup. Temukan sekarang