_1_

5.5K 284 11
                                    

Unicode...

လူတိုင်းကိုယ်စီမှာဖူးစာရှင်နဲ့တွေ့ဆုံမှုဇာတ်လမ်းတွေမှာဆန်းကြယ်တဲ့တွေ့ဆုံမှုတွေနဲ့တွေဆုံမှုရှိသလို ရိုးရှင်းတဲ့တွေ့ဆုံမှုတွေကနေစတင်ခဲ့တဲ့ဇာတ်လမ်းလည်းရှိတာပဲ
ကျွန်တော်ကတော့ဖူးစားဖက်ကိုရိုးရှင်းတဲ့တွေ့ဆုံမှုကနေစတင်ခဲ့တဲ့အသင်းကပါ သူနဲ့တွေ့ပြီးမှဘဝကိုရိုးရိုးရှင်းရှင်းပေမယ့်ပျော်ရွှင်စရာတွေအပြည့်နဲ့ချည်းဖြတ်သန်းခဲ့တာပါရပါပြီဒီလိုဘဝလေးမျိုးရခဲ့တာနဲ့တင်ကျွန့်တော့်ဘဝလေးကို တကယ်ကျေနပ်နေပါပြီ

.........................

မနက်မိုးလင်းခါဝယ်ကျေးငှက်များရဲ့တီတီတာတာအော်သံများနဲ့အစပြုနေချိန်...

"Yarrr!!!!..............Park Eunbin"

"Nae!!!!......မနက်အစောကြီးကိုဘာလို့အော်နေပြန်တာတုန်း"
မနက်မိုးလင်းပြီဆိုတာနဲ့ Park အိမ်တော်ကမောင်နှမနှစ်ယောက်ရဲ့သတ်ပွဲမပါရင် Parkအိမ်တော်ရဲ့မနက်ခင်းကမပြည့်စုံဖူးဆိုတာလူတိုင်းအသိပင်။

"နင်ဒီကိုလာစမ်းပါဦး......လာ...လာ ...."
အပေါ်ထပ်ကနေဝုန်းဒိုင်းပြေးဆင်းလာပြီး ညီမဖြစ်သူရဲ့နားရွက်ကိုလာဆွဲသူကတော့ကျွန်တော်တို့ရဲ့ဇာတ်လိုက်မင်းသားလေး Park Jiminပါပဲ။

"အာ့....... အာ့.....oppa နာတယ်လွှတ်....
သူများနားရွက်ကိုဆွဲ‌နေတယ်လို့ ~~~ဗြဲ~~~~ommaရေ~~လာကယ်ပါ..."

JM'Omma:ဟဲ့မိုးလင်းပြီလား မနက်မိုးလင်းတာနဲ့နင်တို့ပြသာနာမရှင်းရတဲ့နေ့ဆိုတာမရှိဘူးနော် ....ဒီတစ်ခေါက်ရောဘာဖြစ်ပြန်တာလဲပြောစမ်းပါဦး

"အမေ့သမီးလေသားအခန်းကိုလာရှုပ်ပြန်ပြီဝင်မွှေသွားတာအခန်းတစ်ခုလုံးရစရာကိုမရှိဘူးရှုပ်ပွနေတာပဲမယုံရင် Ommaတစ်ချက် သားအခန်းကိုသွားကြည့်လိုက်...."

JM'Omma:ကယ်ပြောပါဦး...အငယ်မဘာလို့နင့်အကိုအခန်းကို ဝင်ဖွတာ....

"Oppa အသစ်ဝယ်ထားတဲ့ ဟို ipodလေးလေအဲတာလေး လာရှာတာပါအခန်းကိုမရည်ရွယ်ပဲဖွမိတာပါ...."

JM'Omma:အဲတာနောက်ဆုံးထွက်ထားတဲ့ verမလား နင်တို့နှစ်ယောက်လုံးကိုဆင်တူဝယ်ပေးထားတာလေ နင့်အကိုဟာဘာလို့သွားယူတာ....

𝙁𝙤𝙪𝙣𝙙 𝘼 𝙇𝙤𝙫𝙚[𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙] Where stories live. Discover now