_18_

1.3K 161 4
                                    

Unicode....

"Eunbin ရေနင်ထတော့လေဟာ
အချိန်ကြည့်ဦးငါတို့သွားဖို့နောက်ကျနေပြီ!!!!"

"ဟာ အစောကြီးရှိသေးတာကိုဒီအကိုကတော့လုပ်ပြီ"

အချိန်အားဖြင့်မနက်ခုနှစ်နာရီသာရှိသေးတာကိုအခန်းအပြင်က‌နေ တံခါးကိုတဒုန်းဒုန်းထု၍ အော်နေသောအကိုဖြစ်သူကြောင့်Eunbin မနက်စောစောစီးစီးမေတ္တာတရားတွေပွားနေမိပြီဖြစ်သည်။

"Yarrနင်ခုထိပြင်လို့မပြီးသေးဖူးလားသွားမှာကငါ့လင်ဆီကိုနော်..."

"ခုလာပြီလေ ဘယ်လိုဖြစ်နေမှန်းကိုမသိဘူး"
ငါနော် မပြောလိုက်ချင်ဖူး ပြသာနာဖြစ်တော့
အိမ်ပေါ်ကဆင်းလာတုန်းကျအဲ့မျက်နှာမဟုတ်ဘူး ခုကျတော့သူ့လင်ဆီခေါ်သွားမယ်ဆိုတာနဲ့ဖြစ်ပျက်နေတာအဲ့လိုဆို အစထဲကအိမ်ပေါ်ကမဆင်းလာနဲ့ပေါ့ အမြင်ကိုကပ်တယ် မွေးလာမယ့်ငါ့တူလေးမဟုတ်ရင် တူမလေးကြောင့်သည်းခံနေတာ......

"ဟဲ့ငုတ်တုတ်ကြီးဘာတွေတွေးနေတာပြန်ပြီလဲသွားမယ်လေလာ....."

"အား.....ကျွတ်.....ကျွတ်...ဗိုက်အောင့်လာလို့အိမ်သာခဏသွားမယ်...."

"မပြီးနိုင်တော့ဘူးနော်သွားသွား.....မြန်မြန်ကြွ....!!!"

တီ..တီ...တီ📲📲

Jk:hello..

"Oppa‌ရေခုထွက်လာတော့နေပြီ အစီအစဉ်စလိုက်တော့..."

Jk:ok..... ယောင်းမလေး........

အကျိုးအကြောင်းကိုလှမ်းသတင်းပေးပြီးအိမ်သာကနေပြန်ထွက်လာတော့အကိုဖြစ်သူက စိတ်မရှည်ပဲလက်ကိုအကြမ်းပတမ်းဆွဲကာကားပေါ်ခေါ်သွားတော့သည်။

"တော်တော်တွေ့ချင်နေတယ်ပေါ့ဖြစ်ပျက်‌နေတာလူမြင်မကောင်းဘူး....."

"ပါးစပ်ကိုပိတ်ထား ‌ငါ့အိမ်ကိုသာမောင်းတော့..."

...........................................................

ဂျီမင်းတစ်ယောက်သူ့အိမ်ကိုရောက်တော့သူယူသွားခဲ့တဲ့အိမ်သော့အပိုနဲ့တံခါးကိုဖွင့်ပြီးဝင်လိုက်တော့ဂျောင်ကုမရှိလောက်ဖူးထင်တယ် တစ်အိမ်လုံးမှောင်မဲနေတာကြောင့်လက်ကနံရံကိုစမ်းရင်းမီးခလုတ်ကိုကြိုးစားဖွင့်‌လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကိုယ့်မျက်စိပင်မယုံနိုင်လောက်အောင်ဖြစ်နေသည် တစ်အိမ်လုံးကို ပူဖောင်းအပြည့်တွေနဲ့မှအောက်ကကြမ်းပြင်မှာလည်းနှင်းဆီပွင့်ချက်များအပြည့်ဖြင့်အပေါ်ထပ်ကသူတို့အခန်းထိလမ်းဖောက်သလိုမျိုး ခင်းထားသည်ဂျီမင်းလည်းနှင်းဆီလမ်းလေးအတိုင်းလှေကားကနေဖြေးဖြေးချင်းလျှောက်သွားပြီး သူတို့အခန်းတံခါးလေးကိုတွန်းဖွင့်လိုက်တော့အထဲမှာဂျောင်ကုက ကုတင်ပေါ်တွင်ထိုင်နေသည်သူဝင်လာတာကိုလည်းမြင်သွားတော့သူ့ဆီလျှောက်လာရင်းအနားရောက်တော့ဒူးထောက်ချလိုက်သည်။

𝙁𝙤𝙪𝙣𝙙 𝘼 𝙇𝙤𝙫𝙚[𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙] Where stories live. Discover now