_7_(2)

1.9K 193 11
                                    

Unicode....

ဒီ‌နေ့ကအရင်နေ့တွေ့နဲ့မတူဘဲထူးခြားစွာ အေးအေးချမ်းချမ်းအိပ်နေရတာကိုအိပ်မက်ထဲတွင်ခံစားမိနေချိန် မျက်နှာပေါ်ကိုကျလာတဲ့နေရောင်ခြည်ခပ်စူးစူးကြောင့်နှာခေါင်းကိုရှုံ့တွရင်းအိပ်ရာမှနိုးထလာခဲ့သည်မျက်လုံးကိုမနည်းအားယူကာ ဘေးပတ်လည်ကိုကြည့်လိုက်တော့သေချာတာကဒီအခန်းကသူအခန်းမဟုတ်ဘေးနားကိုကြည့်လိုက်‌တော့ စောင်ပုံကြီးကြီးကြားမှာလူတစ်ယောက်အိပ်နေမှန်းတွေ့လိုက်ရတာကြောင့် လိပ်ပြာလွင့်မတက်လန့်သွားရင်းမတ်တပ်ရပ်ဖို့လုပ်ရာမှခြေထောက်တွေကမခိုင်ဘဲဘုန်းကနဲလဲကျသွားခြင်းနှင့်အတူအောက်ပိုင်းတစ်နေရာကလည်းဆစ်ခနဲ နာကျင်ကိုက်ခဲလာတာကြောင့်သူ့ခန္ဓာကိုယ် အောက်ပိုင်းကိုငုံ့ကြည့်လိုက်တော့မှအခြေအနေကိုသဘောပေါက်သွားပြီး...

"အား!!!!!!"

ကျယ်လွန်းလှတဲ့ဟို‌ဆော့ရဲ့ အော်သံကြောင့်စောင်ပုံကြားထဲကထယ်ယောင်း လည်းလန့်နိုးလာခဲ့သည်။

"ဘာ.....ဘာဖြစ်တာလဲ Seokieရဲ့....."

"မင်း..လူယုတ်မာကြီး......အီးဟီး....... ommaရေ ....... သားလူပျိုဘဝလေးပျက်ပါပြီ ........ဗြဲ...."

ကုတင်အောက်ကနေထိုင်ရက်လေးလှဲနေရင်း စောင်ကိုမလုံတလုံကာကာ ကိုယ့်ကိုလက်ညိုးထိုးပြီး အော်ငိုနေသောဟို‌ဆော့ရဲ့ပုံစံလေးကြောင့် ထယ်ယောင်းတစ်ယောက်လည်းရယ်မိတော့သည်။

"မငိုပါနဲ့baeရာညကကိုဆေးမိသွားတယ်ထင်တယ်အရမ်းစိတ်တွေကြွပြီးစိတ်မထိန်းနိုင်လို့ပါ...တောင်းပန်ပါတယ်baeရယ်.... "
သူတောင်းပန်ရင်းဟိုဆော့နားချဉ်းကပ်ဖို့လုပ် ချိန်မှ ဟိုဘက်ခန်းကနှစ်ယောက်ကအော်သံကြောင့်အလန့်တကြားရောက်လာသည်။

Jm:ယားဟိုဆော့ကီး ဘာဖြစ်လို့အကျယ်ကြီးအော်.....
စိုးရိမ်တကြီးနဲ့‌ပြေးလာတဲ့ဂျီမင်းစိတ်ပူစွာနဲ့မေးမြန်းနေရင်းမှ ဟိုနှစ်ယောက်ရဲ့ ဆောင်တစ်ထည်စီသာပတ်ထားရတဲ့အခြေအနေကိုတွေ့လိုက်တာကြောင့်အမြန်အခန်းတံခါးပြန်ပိတ်ဖို့လုပ်ချိန်နောက်က ဂျောင်ကုရောက်လာသည်။

"စောစောစီးစီးကို ဘာလို့အော်ဟစ်နေကြတာ...."

"Jungkookieသူတို့ကိုမကြည့်နဲ့ ဒီတိုင်းမျက်လုံးပိတ်ရက်လေးပြောနော်နှစ်ယောက်စလုံးအဝတ်တောင်မကပ်ဘူးခန္ဓာကိုယ်မှာ...."

𝙁𝙤𝙪𝙣𝙙 𝘼 𝙇𝙤𝙫𝙚[𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙] Where stories live. Discover now