_12_

1.5K 170 16
                                    

Unicode....

ပတ်ဝန်းကျင်ကအေးစိမ့်စိမ့်နဲ့ရှိနေသော်လည်းကောင်းကင်ပေါ်ကနေရောင်ခြည်အလင်းဓာတ်ရနေသေးတာကြောင့်လူတိုင်းအတွက် အဆင်ပြေလှတဲ့ရာသီဥတုလို့ဆိုလိုရသည် တစ်ဖက်တွက်လည်းအေးချမ်းလှတဲ့ရာသီဥတုကဲ့သို့ ခမ်းနားလှပတဲ့ဘုံဘုရားကျောင်းလေးမှာတော့လူများစွာဖြင့် စည်းကားနေခဲ့သည် အကြောင်းကတော့လူတိုင်းအားကျခဲ့ရတဲ့စုံတွဲလေးဖြစ်တဲ့Jeon groupနဲ့ Park groupက ကောင်လေး၂ယောက်ရဲ့ Wedding ပွဲလေးမလို့ကြီးကျယ်ခမ်းနား‌နေခြင်းပင်ဖြစ်သည်။

ဘုရားကျောင်းရဲ့အတွင်းဘက်က အဝတ်လဲခန်းမှာတော့မိတ်ကပ်ဆရာတွေ မိတ်ကပ်ပြင်နေတာကိုငြိမ်ငြိမ်လေးနေရင်းအတွေးများစွာဖြင့်ပြုံးနေသော မကြာခင်Jeon Jiminဖြစ်တော့မည့် Park Jiminကိုတွေ့ရမည်ဖြစ်သည် တွေးနေတာကတော့လွန်ခဲ့တဲ့တစ်ပတ်ကJungkookတစ်ယောက်သူ့ကိုဘယ်လောက်ထိသည်းသည်းလှုပ်ချစ်ပြခဲ့လဲဆိုတဲ့အကြောင်းပင် CEOအဖြစ်ခန့်အပ်ဂုဏ်ပြုပေးတဲ့ dinnerပွဲမှာ "ကျွန်တော်နောက်တစ်ပတ်ကျ Park group က Park Jiminနဲ့လက်ထပ်တော့မယ် ဆိုပြီးအကုန်လုံးကိုကြွားလုံးထုတ်ခဲ့တာကိုပဲကြည့်ကြပါတော့...
အဲ့တုန်းကဆို Jiminမှာသူ့ကိုသူအထင်ကြီးပြီး ကြေငြာနေတဲ့ Jungkookကိုပဲပြေးဆွဲရတော့မလို အံ့ဩလွန်းနဲ့နှစ်ဖက်မိဘတွေကိုပဲပြေးရှင်းပြရမလိုနဲ့ ယောက်ယက်ခက်ခဲ့တာ ကံကောင်းသွားတာကနှစ်ဖက်စလုံးမိဘတွေက စော‌စောလက်ထပ်လည်းပြသနာမရှိဘူး ဆိုလို့တော်သေးသည်။

အခန်းထဲကJiminကတော့ငြိမ်ငြိမ်လေးနဲ့ အတွေးနက်နဲနေပေမယ့်အဝတ်လဲခန်းရှေ့မှာတော့ ဟိုလျှောက်လိုက်ဒီလျှောက်လိုက်ဖြင့်ဖင်တကြွကြွဖြစ်နေတဲ့ Jungkookကိုတော့အနောက်နေ Taehyungနဲ့Hoseokမှာလိုက်ထိန်းနေရသည်။

Tae:ဟေ့ရောင်ငြိမ်ငြိမ်နေစမ်းပါကွာတော်တော် မျက်စိနောက်လာပြီမင်းစိတ်လှုပ်ရှားနေမှန်းသိပေမယ့်အဲ့လောက်ထိဖြစ်မနေနဲ့လေ...

"မင်းကပါးစပ်ကအဲ့စကားထွက်ရဲသေးတယ်နော်သူ့အလှည့်တုန်းကကျ ဒူတောင်တုန်နေတဲ့ကောင်ကများ ခုမှဘာဖြစ်တယ်ညာဖြစ်တယ်နဲ့တရားလာဟောနေတယ်........"

𝙁𝙤𝙪𝙣𝙙 𝘼 𝙇𝙤𝙫𝙚[𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙] Where stories live. Discover now