_5_

2K 236 12
                                    

Unicode.....

မနေ့ကတည်းက တစ်ယောက်သောသူကြောင့်သူ့စိတ်တွေခုထိယောက်ယက်ခက်‌နေတုန်းအရင်ကဆိုအမြဲအေးဆေးတည်ငြိမ်နေတဲ့ကျွန်တော်က ဘာဖြစ်လို့ခုမှသူ့အကြောင်းကိုအဲ့လောက်စိတ်ဝင်စားမိမှန်း ကိုယ်ကိုတိုင်လည်းနားမလည်နိုင် ခုလည်း ဟိုဆော့ကသူ ကန်တင်းမှာရှိနေတယ်ပြောလို့ချက်ချင်းထယ်‌ယောင်းလက်ကိုဆွဲပြီး လိုက်လာခဲ့ပေမယ့်စိတ်ထဲကမျှော်နေမိနေတဲ့ တစ်ယောက်သောသူဟာမရှိ ဟိုဆော့တစ်ယောက်တည်းထိုင်နေသည်ကိုသာတွေ့သည်။

"ဂျီမင်း ရေထိုင်လေမတ်တပ်ကြီးရပ်ပြီး ဘာတွေငိုင်နေတာတုန်း.."

"အော်...အင်း....."

"Seokie တစ်ယောက်တည်းပါလား jungkookရော..."
မေးချင်နေသောမေးခွန်းကို ထယ်ယောင်းကဝင်မေးလိုက်တာမို့ငြိမ်ငြိမ်လေးသာထိုင်ရင်း နားစွင့်နေလိုက်သည်။

"kookieကလား ကောင်မလေးတစ်ယောက်အတန်းထဲထိသူ့ကိုလာခေါ်လို့‌လေအဲ့တာ လိုက်သွားတယ်....."

"ကောင်မလေးဆိုတာကဘယ်သူသူ့အသိလား မဟုတ်မှ jungkookကောင်မလေးလား....."

"ပေါက်ကရလျှောက်မပြောနဲ့ jungkookလားရည်းစားရှိမှာ သူအသိကောင်မလေးဘဲဖြစ်မှာပါ..."

"ဟိုဆော့မင်းမသိတာဖြစ်မှာပါ ဟိုနေ့ကလဲငါ ကျောင်းပေါက်ဝမှာသူနဲ့ကောင်မလေးတစ်ယောက် ပြုံးပျော်ပြီးစကားပြောနေတာ‌ကောင်မလေးကလည်းသူ့လက်‌မောင်းကိုရိုက်လိုက်ပုတ်လိုက်နဲ့အဲ့လောက်ထိဖြစ်နေတာ ငါမြင်လိုက်တယ်ခုလည်း လာခေါ်သွားတဲ့တစ်ယောက်က အဲ့တုန်းကတစ်ယောက်ဖြစ်မယ်ထင်တယ်....."

"မင်းတို့ကလည်း Jungkookနဲ့ခင်တာမကြာသေးလို့သူ့အကြောင်းမသိသေးတာ Jungkookက ရည်းစားဆိုတစ်ခါမှ‌တောင် မထားဖူးဘူးကွ ....
သူကလူရိုးကြီး မင်းထင်နေတာလည်းနည်းနည်းလွဲနေတာဖြစ်မှာပါဂျီမင်း.."

"ငါတော့ငါမြင်တာကို‌ပြောပြရုံ ငါပြောသလိုတကယ်ဘဲအဲ့ကောင်မလေးက သူ့ရည်းစားဖြစ်နေရင်ရော..."

"မင်းပြောတာလည်းဖြစ်နိုင်ချေရှိပါတယ်ဂျီမင်းရယ် ဒါပေမယ့်seokieလေးကjungkook ရဲ့အခင်ရဆုံးသူငယ်ချင်းလေ seokieကအကုန်ပိုသိတာပေါ့..."

𝙁𝙤𝙪𝙣𝙙 𝘼 𝙇𝙤𝙫𝙚[𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙] Where stories live. Discover now