_14_

1.4K 159 8
                                    

Unicode....

"ဘာ!!!ဟိုဆော့ တကယ်ပြောနေတာလား
မဟုတ်မှငါ့ကိုနောက်နေတာမလား....."

"နောက်နေတဲ့ပုံပေါ်လို့လားဂျီမင်းရာ ငါတကယ်ပြောနေတာ"

"ဒီလောက်ထိ အန္တရာယ်များလွန်းတဲ့ကိစ္စကိုထယ်ယောင်း မင်းကလည်းခွင့်ပြုတယ်ပေါ့....."

"ငါ့ကိုသူနဲ့ကွာရှင်းမလား ကလေးယူမလားဆိုပြီးခြိမ်းခြောက်ပြီးရွေးခိုင်းနေတာလေ ငါခွင့်မပြုလို့ရမလား အဲ့တာမင်းစလိုက်တဲ့ဇာတ်လမ်းလေ မင်းတောင်က‌လေးလေးအတွက်စွန့်လွှတ်ရဲသေးတာပဲ သူလည်းကလေးလေးလိုချင်တယ်အဖော်ရှိတာဘဲ မွေးရဲတယ်ဆိုပြီးထသောင်းကျန်းရော...."

..............................................................

Jm pov:
ဟိုဆော့တို့လင်လင်နှစ်ယောက်အလန့်တကြားအိမ်ခဏလာခဲ့ဦးဆိုပြီးဖုန်းဆက်ခေါ်လို့Kookie ဆီမှာခွင့်တောင်းပြီးလာခဲ့တာ ရောက်တာနဲ့ Jung hoseokကသူပါကလေးလိုက်ယူမှာဆိုပြီးသောင်းကျန်းနေတာကြောင့် သွေးပင်တက်ချင်သွားသည်။
"ငါကအရင်ကတည်းက ကလေးတွေဆိုအရမ်းချစ်တာ‌ ကိုကလည်းကလေးဆိုအရမ်းချစ်တယ်မလားအဲ့တော့သူ့အတွက်မွေးပေးချင်သွားပြီ အဲ့တာကြောင့် ငါပါမင်းနဲ့အတူကလေးလိုက်ယူမယ်ခုဆိုမွေးမှာကသူငယ်ချင်း၂ယောက်အတူတူဆိုတော့ပိုအားရှိသွားပြီဆိုပြီးပါးစပ်ကတဖွဖွပြောကာပျော်မြူးနေသေးသည်။
ကျွန်တော်လည်းဘာမှထပ်မပြောတော့ပါဘူး ဘာလို့ဆိုသူ့ရဲ့ခင်ပွန်းဖြစ်သူထယ်ယောင်းတောင်ဘာမှအထွန့်မတက်‌ဘဲသဘောတူခဲ့တာလေ အဲ့တော့ခု နှစ်ယောက်သားတူတူအန္တရာယ်တွင်းကိုကျော်လွှားကြတာပေါ့.......

"အဲတာဆိုကြုံလာမယ့်ဒုက္ခတွေကို ငါတို့၂ယောက်တူတူရင်ဆိုင်ကြတာပေါ့ hoseok yarr ကျေးဇူးပါငါခု ပိုပြီးအားတက်သွားပြီ....."

"ကျေးဇူးမလိုပါဘူးသူငယ်ချင်းရာသေချာစဉ်းစားပြီးမှဆုံးဖြတ်ခဲ့တဲ့ ငါ့ဆုံးဖြတ်ချက်နဲ့ငါလေ TaeTaeအတွက်သားသားလေးမဟုတ်ရင် မီးမီးလေးမွေးပေးချင်လို့ပါ......"

"ငါလည်း kookieအတွက်မွေးပေးချင်လို့ဆုံးဖြတ်ထားတာ
ရည်ရွယ်ချက်တွေတူတာပေါ့..ဟား..ဟား.."

𝙁𝙤𝙪𝙣𝙙 𝘼 𝙇𝙤𝙫𝙚[𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙] Where stories live. Discover now