_19_

1.2K 146 8
                                    

Unicode...

ကောင်းကင်ပြာပြာကြီးရယ်ကြားနေရတဲ့ကြည်နူးစရာကျေးငှက်တို့ရဲ့အော်သံများနှင့်အတူ သာယာလှတဲ့ နေ့လည်စောင်းမို့လို့ကမ်းခြေလိုပျော်စရာနေရာမျိုးဆိုဒီလိုရာသီမျိုးနဲ့ကွက်တိပေါ့ထိုအချိန်သဲသောင်ပြင်၌‌ပြေးတမ်းလိုက်တမ်းကစားနေသောမိသားစုတစ်စုကိုလည်းတွေ့မြင်ရမည်ဖြစ်သည်တခစ်ခစ်ရယ်သံများနဲ့ရှေ့ကပြေးနေသောကလေးလေးနှစ်ယောက်ကိုနောက်က အဖေဖြစ်သူကလိုက်ဖမ်းပြီး အနောက်ဘက်မှာတော့နောက်ထပ်အဖေဖြစ်သူကထိုမြင်ကွင်းကို လက်ပိုက်ကာရယ်မော၍ကြည့်နေခဲ့သည်တကယ့်ကိုမြင်ရသူတိုင်းကြည်နူးဖွယ်ရာမြင်ကွင်းပါပဲ။

"အာ့.....အာ့.....ဂျောင်ကု..... ထပါဦး"

အိမ်မက်ကမ္ဘာထဲ၌ကြည်နူးနေသောဂျောင်ကု လည်း ဂျီမင်းအော်သံကြားတာနဲ့ မက်နေတဲ့အိမ်မက်ပင်ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်သည် အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးမြန်မြန်ဖွင့်ပြီးနာရီကြည့်လိုက်တော့ မနက်သုံးနာရီသာရှိသေးသည်။

"ကလေးကိိုယ်ဘာလုပ်ပေးရမလဲဟင်
ဘယ်လိုလုပ်ပေးရမလဲ...."

"ဗိုက်.....အာ့.....အရမ်းနာနေပြီ....
မခံနိုင်တော့ဘူး..."

"ဆေးရုံသွားကြရအောင်......
မွေးတော့မယ်ထင်တယ် အရင်ဆုံးကိုယ်ဘာလုပ်ရမလဲ....."

"အိတ်သွားယူလေ......
ဆေးရုံတက်ဖို့ပြင်ဆင်ထားတဲ့အိတ်သွားယူ.....အာ့နာတယ်......"

"အင်း ယူပြီးပြီ ပြီးရင်ကားသော့ လုပ်ပါဦးကားသော့ဘယ်မှာလဲ.."

"Jeon... jungkook!!!!.....
အာ့...နာပါတယ်ဆိုနေမှဒီနေ့ဆေးရုံသွားရဦးမှာလား..."

"ရပြီ တွေ့ပြီ တွေ့ပြီ ဆောရီးပါကလေးရယ်
လာကလေးကိုယ်ချီမယ်....."

"မြန်မြန်လုပ်လို့ အား!!!"

ကလေးမွေးခါနီးတောင်ယောက်ယက်ခက်လိုက်ရမှနေသာထိုင်သာရှိတဲ့Jeon Jungkookပါ။

....................................................................

ဆေးရုံရောက်တာနဲ့ကလေးကိုလှည်းပေါ်မြန်မြန်တင်ပြီးoperationခန်းထဲမြန်မြန်ထည့်လိုက်သည်ခုတော့ operationအခန်းရှေ့စောင့်နေသည်မှာ နှစ်နာနာရီခွဲနီးပါးရှိနေပြီစိတ်ပူလွန်းလို့ မှန်တံခါးတောင်ရိုက်ခွဲပြီးအခန်းထဲဝင်သွားချင်စိတ်ကတဖွားဖွားမို့ကလေးကိုစိတ်ပူလို့ ရောက်လာတဲ့မိဘတွေကလှမ်းဆွဲထားရသည်။

𝙁𝙤𝙪𝙣𝙙 𝘼 𝙇𝙤𝙫𝙚[𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙] Where stories live. Discover now