Episode 16

3.3K 334 37
                                    

* Unicode *


   ဆော့ဂျင် ကော်ဖီတစ်ခွက်ကို တစ်ငုံမော့ရင်း ပြတင်းပေါက်ကိုအကြောင်းမဲ့ငေးနေရာကနေ အကြည့်လွှဲလိုက်သည်။ ထို့နောက် မဖွင့်တာသုံးရက်ခန့်ရှိပြီဖြစ်တဲ့ လက်ပ်တော့ကို သူဖွင့်လိုက်သည်။ ထွေထွေထူးထူးမရှိပေမဲ့ ဒီvillaထဲမှာ သူရှိနေတာ သုံးရက်ခန့်ရှိပြီ။ အပြင်ကအကြောင်းအရာတွေကို တစ်ခဏလောက်မေ့ပြီး သူ့စိတ်ကိုသူအနားပေးသည်ဆိုလဲမမှား။

ဒါတောင် ဒီသုံးရက်လုံးလုံး ဂျောင်ကုမျက်နှာက သူ့အာရုံထဲကမထွက်။ သံသယမျက်ဝန်းတွေနဲ့ သူ့ကိုကြည့်တဲ့အကြည့်တွေ....။

ဆော့ဂျင်သက်ပြင်းချပြီး websiteထဲဝင်လိုက်မိသည်။ Websiteထဲ ဝင်ဝင်ချင်း တက်လာတဲ့ပုံတွေက တခြားတော့မဟုတ်။ The Best Couple of 2020 Voting အတွက် သူနဲ့ဂျောင်ကုကို Fanတွေက Shipနေတဲ့ပုံတွေဖြစ်သည်။ ချစ်ရည်ရွှန်းလဲ့စွာနဲ့ စတိတ်ပေါ်မှာ အပြန်အလှန်ကြည့်နေတဲ့ Fan Editလေး။ screenပေါ်က ဂျောင်ကုပါးပြင်လေးကို သူခပ်ဖွဖွလေးထိကြည့်မိသည်။

Screenပေါ်မှာသာရနိုင်မဲ့အကြည့်တွေ..
Screenပေါ်မှာပဲရနိုင်မဲ့ အနမ်းတွေ...
Screenပေါ်မှာပဲ ရနိုင်မဲ့အချစ်တွေ...

သူ မျက်ဝန်းတွေကိုပိတ်လိုက်တော့ အာရုံထဲတိုးဝင်လာတာက ဆူဂျင်းရှေ့ကနေ ကာပေးနေတဲ့ သူ့ယုန်ပေါက်လေး...။

သူချက်ချင်း ခေါင်းခါပြီး မျက်ဝန်းတွေကိုဖွင့်ကာ လက်ပ်တော့ကို ပိတ်ချလိုက်သည်။ ထို့နောက် ဘာမှထပ်မစဉ်းစားနေတော့ဘဲ ရေမိုးချိုးပြီး ကုမ္ပဏီဘက်ခြေဦးလှည့်လိုက်မိတော့သည်။

ဟုတ်တယ် အလုပ်ကြိုးစားရမယ် ဘယ်အခြေအနေရောက်မှ ဂျောင်ကုအနားနေခွင့်ရှိမလဲ သူမသိပေမဲ့ သူသေချာပေါက်အလုပ်ကြိုးစားရမယ် လတ်တလောဒဏ်ရာကို မေ့နိုင်‌ဖို့ အလုပ်ထဲစိတ်နှစ်ထားပါရစေလား...။


ကုမ္ပဏီရောက်တာနဲ့ ရုံးခန်းထဲဝင်တော့ နောက်ကလိုက်လာတဲ့အတွင်းရေးမှူးဆူဘင်း။ လက်ထဲမှာတော့ ဖိုင်တစ်ထပ်နဲ့ တက်ဘလက်ကြီးကို ကိုင်ထားသည်။ ထို့နောက် စားပွဲပေါ်ဆီ သူအကြည့်ရောက်တော့ မပြီးပြတ်သေးတဲ့အလုပ်တွေနဲ့ ဒီအပတ်ထဲမှာ ကျင်းပမဲ့ရှယ်ယာအပြောင်းအလဲကြေညာခြင်းအစည်းအဝေးဆိုင်ရာ အချက်အလက်‌တွေ ။ သူ ဆူဘင်းမျက်နှာကို လှမ်းကြည့်လိုက်သည်။

My Perfect Husband【 Completed 】Where stories live. Discover now