One and Only Special Episode

4.7K 328 48
                                    


* Unicode *
* Special Episode For Perfect Husband *

" AN24တွင် လိုက်ပါလာသောခရီးသည်များရှင် မကြာခင်အချိန်အတွင်းမှာ အင်ချွန်းလေဆိပ်သို့ ဆင်းသက်တော့မည်ဖြစ်ပါတယ်ရှင် "


စကားပြောမိုက်ကနေ ထွက်လာတဲ့အသံချိုချိုလေးအဆုံး ဘေးနားမှာလိုက်ပါလာတဲ့ကောင်လေးကိုကြည့်လိုက်မိသည်။ စိုးရိမ်တကြီးကြည့်နေတဲ့ ထိုကောင်လေးရဲ့အကြည့်ကို ဂျောင်ကု နားလည်ဟန်နဲ့ မသိမသာလေးပြုံးပြလိုက်သည်။


" ကိုကိုဂျောင်ကု !!! အဆင်မပြေလောက်ဘူးနော်  ထယ်ထယ်ကြောက်တယ် စီအီးအိုကင်ကို ထယ်ထယ်ကြောက်တယ် ကိုကိုဂျောင်ကု "

သူ့လက်တွေကို ဆုပ်ကိုင်ကာ‌ ပြောလာတဲ့ ၁၅ နှစ်သားကောင်လေး။ အသက်အရွယ်ကအရမ်းကြီးကွာနေပေမဲ့ သူ့ကို ကိုကို ကိုကိုဆိုပြီးခေါ်တတ်တဲ့ကောင်ငယ်လေး။ တကယ်တော့ သူက အခုဆို အသက် ၃၃ရှိပြီဖြစ်တဲ့လူလတ်ပိုင်းအရွယ်။ Artistတစ်ယောက်မို့  အရွယ်တင်ကာ နုပျိုနေခြင်းလဲဖြစ်ပါသည်။

" ထယ်... မင်း ဘာမှမကြောက်နဲ့ မင်းဘာမှမဖြစ်စေရဘူး ကိုကိုရှိတယ် "

အားပေးသလို ထယ်ယောင်းဆိုတဲ့ ကောင်ငယ်လေးရဲ့လက်ကိုပြန်ဆုပ်ကိုင်ပြီး ထပ်ပြုံးပြမိသည်။


" ထယ်တို့ နှစ်ပတ်ကြီးများတောင် ပြန်မလာဘဲ အတူတူနေခဲ့တာလေ.. ကိုကိုဂျောင်ကု "

" အဲ့ဒီ့တော့ သူ ဘာလုပ်နိုင်မှာမို့လဲ.... ဖြစ်ပြီးသွားပြီပဲ သူစိတ်ဆိုးရင်လဲ ခဏပေါ့ စီအီးအိုကင်က အစ်ကို့ကိုအရမ်းချစ်တာ ထယ်သိတယ်မလား "

" သိတယ်လေ ဒါပေမဲ့ .... ဒါက .. ပြီးတော့ ထယ့်မာမီ!! "

" ထယ့်မာမီကိစ္စကတော့ ထယ်ရှင်းပေါ့ ကိုကိုကတော့ စီအီးအိုကင် စိတ်မဆိုးဖို့ပဲ တာဝန်ယူနိုင်တယ် ထယ် "

My Perfect Husband【 Completed 】Where stories live. Discover now