* Unicode *
" ဒီဘက် နည်းနည်းထပ်ရွှေ့လိုက်အစ်ကို အဲ့တာဆို ပိုအလယ်ကျသွားမယ် လှလဲလှသွားမယ် "
" ဟုတ်ပြီ ဒီလောက်ဆို ရပြီလား "
" ဟုတ် ရပြီ အစ်ကို "
ဂျောင်ကုပြပေးတဲ့နေရာကို ဓာတ်ပုံဘောင်ရွှေ့ကာ သူလဲ လှေကားပေါ်ကနေပြန်ဆင်းလိုက်သည်။ ထို့နောက် ဂျောင်ကုဘေးနားရပ်ကာ ဂျောင်ကုခါးသိမ်သိမ်ကို သူဆွဲယူပွေ့ဖက်ပြီး ဧည့်ခန်းအလယ်မှာချိတ်ထားတဲ့ဓာတ်ပုံဘောင်ကို ငေးကြည့်မိသည်။ ပုံထဲက ကောင်လေးနှစ်ယောက်ကတော့ အဖြူရောင်ဝတ်စုံတွေနဲ့ တကယ်ကို ချောမောလွန်းသည်။ အထူးသဖြင့် ယုန်သွားလေးတွေပေါ်တဲ့အထိ ပြုံးနေတဲ့ကောင်ငယ်လေး။ ပုံကိုကြည့်ရင်းကြည့်ရင်းအသဲယားလာတာမို့ အနားက ယုန်ပေါက်လေးခေါင်းကို ဖိကပ်နမ်းမိသည်။
ဖိကပ်နမ်းလာတဲ့အစ်ကို့ကြောင့် သူပြုံးလိုက်ရင်း အစ်ကို့ခါးကိုပြန်ဖက်လိုက်မိသည်။
USကနေ ဟန်းဂူးကိုပြန်ရောက်ရောက်ချင်း ဘုရားကျောင်းမှာလက်ထပ်ခဲ့ကြတဲ့သူတို့နှစ်ယောက်။ ဘာအခမ်းအနားမှမပါ၊ ဘာစာချုပ်မှမပါ၊ ဘယ်အသိသက်သေမှမပါဘဲ ဖာသာဆီမှာ ကတိသစ္စာကျိန်ဆိုရင်း အချစ်တွေကို သက်သေထားကာ လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ လက်ထပ်ပြီးတာနဲ့ အစ်ကိုက အရင်တိုက်ခန်းမှာမနေဘဲ အိမ်အသစ်ပြောင်းကာ အပြင်အဆင်ကို နှစ်ယောက်အတူတူလုပ်နေကြတာဖြစ်သည်။ နှစ်ယောက်အတူတူလုပ်ေနတာလို့ပြောတာပဲ အကုန်လုံးကိုအစ်ကိုကသာ လုပ်နေသည်။ သူလုပ်မယ်ဆိုတိုင်းအစ်ကိုက ဝင်ဝင်ဆွဲလုသည်။
YOU ARE READING
My Perfect Husband【 Completed 】
Romance【 COMPLETED 】 " 𝐢 𝐰𝐢𝐥𝐥 𝐭𝐚𝐤𝐞 𝐦𝐲 𝐰𝐨𝐫𝐥𝐝𝐰𝐢𝐝𝐞 𝐡𝐚𝐧𝐝𝐬𝐨𝐦𝐞 𝐡𝐨𝐦𝐞 " - 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠 𝐊𝐨𝐨𝐤 ♥︎ 𝐂𝐄𝐎 , 𝐀𝐂𝐓𝐎𝐑 × 𝐀𝐂𝐓𝐎𝐑 𝗡𝗢𝗧𝗘 : 𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐲 𝐢𝐬 𝐩𝐮𝐫𝐞𝐥�...