Episode 18

4K 343 30
                                    

* Unicode *

" ဂျောင်ကု နည်းနည်းလေးကပ်မယ် ... ဟုတ်ပြီ ခရစ်ရေ ဂျောင်ကုခါးကို ပိုပြီးကိုင်ပေးလို့ရမလား....  "

" ရတာပေါ့ ဒီထက်တောင်ပိုပေးနိုင်တယ် "

ဒါရိုက်တာနဲ့မော်ဒယ်လ်ခရစ္စတီးနားအသံအဆုံးမှာ သူ့ခါးကို ပိုတင်းကျပ်စွာဖက်လာတဲ့ခရစ်။ တစ်ယောက်နဲ့တစ်ယောက် တော်တော်နီးကပ်သွားသည်မို့ ‌အထူးအဆန်းအနေနဲ့ စိမ်းသက်သက်ခံစားချက်ကြီးဝင်လာသည်။ တစ်ယောက်ယောက်က သူ့ကိုစူးစိုက်ကြည့်နေသလို နေရထိုင်ရခက်တဲ့အနေအထားကြီးမို့ သူတစ်ချက်မဲ့ပစ်လိုက်သည်။ သို့သော်လဲ အောင့်အီးနိုင်မှ မြန်မြန်ပြီးမှာ။ မြန်မြန်ပြီးမှ အစ်ကို့နဲ့ မြန်မြန်တွေ့ရမှာ။ဒါ‌ေကြာင့် သူ ဟန်ဆောင်ပြုံးရင်း ခရစ္စတီးနားကို နီးကပ်အောင်ဆွဲယူလိုက်တော့ ကျောရိုးတစ်လျှောက်လုံးအေးစိမ့်သွားသည်။

" ဂျောင်ကုရေ.. အားတော့နာပေမဲ့ ပြောင်းထားတာတွေရှိတယ် '

" ဟမ် "

" ဟုတ်တယ် ခုproductကလေ ရနံ့ပြင်းပြီး sexy အနံ့မျိုးရှိတဲ့ perfumဆိုတော့ ဆန်းသစ်အောင်ထည့်လိုက်တဲ့သဘောပါ .. သိပ်တော့မခက်ပါဘူး မင်းဒရာမာတွေ အရိုက်များတာပဲ ဒီလိုကွာ .. ခရစ်က ပြေးဝင်သွားမဲ့အချိန်မှာ မင်းနဲ့တိုက်မိပြီး ပက်လက်လေးကျမှာ အဲ့တာကို မင်းကအချိန်မှီ လက်တစ်ဖက်နဲ့ထိန်းပြီး နောက်တစ်ဖက်က အပေါ်မြောက်တက်လာမဲ့ ခရစ်ရဲ့ခြေထောက်ကိုထိန်းကိုင်ရမှာ အဲ့တာနောက်ဆုံးခန်းပဲ လုပ်နိုင်လား.. လုပ်နိုင်ရမှာပေါ့ "

အပြီးသတ်ပိတ်ပြောလိုက်သည့်ဒါရိုက်တာကြောင့် သူဘာမှဆက်မပြောဘဲ ခေါင်းညိတ်လိုက်သည်။ ဖြစ်စေချင်တဲ့သဘောကတော့ ကပွဲခန်းမမှာ ခြေချော်ကျမဲ့ကောင်မလေးတစ်ယောက်ကို လှမ်းထိန်းပေးရမဲ့သဘောလိုပါပဲ။
သူ့အတွက်လဲ မခက်သည်မို့ သဘောတူလိုက်မိသည်။

" ဟုတ်ပြီ ဒါဆိုပြန်စမယ်နော် "

" 1 2 3 action!! "

My Perfect Husband【 Completed 】Where stories live. Discover now