"သား ဒီမှာလွတ်လွတ်လပ်လပ်နေနော်....ဦးတို့ကိုအားမနာနဲ့...
သားငယ်လေးကလည်း မကြာခင်ကျောင်းကပြန်လာတော့မှာ....
အဲ့တော့မှမိတ်ဆက်ပေးမယ်"
"ဟုတ်ကဲ့ ဦးလေး...ကျေးဇူးတင်ပါတယ်ဗျ..."
"သားလေးကယဉ်ကျေးလိုက်တာ သားငယ်လေးမြင်ရင်
သဘောကျမှာပါ၊ အန်တီတို့ကသားကို ငယ်ငယ်တုန်း
ကပဲမြင်ဖူးလိုက်တာ၊ ဒါပေမယ့်ငယ်ရုပ်တော့မပျောက်ဘူးနော်"
"ဒုန်း"
"ဟော..သားငယ်လေးပြန်လာပီထင်တယ်"
"သားရေ...လာပါဦး"
ဧည့်ခန်းထဲကိုလျောက်လာတဲ့ ကလေးလေးကိုကြည့်ပြီး
အံသြနေမိသည်။ ငါးတန်းအရွယ်လေးမှာ ဘယ်လိုလုပ်
လူကြီးတစ်ယောက်ရဲ့တည်ငြိမ်မှူတွေရှိနေတာလဲ။
မျက်လုံးတွေကလည်း စူးရှပြီး ကြည့်မိတဲ့သူကို
ဖောက်ဝင်တော့မလိုမျိုး။ဟင်...။ သူ့ကိုစူးစူးစိုက်စိုက်လှမ်းကြည့်
လိုက်တဲ့ အကြည့်ကိုမခံနိုင်စွာ ခေါင်ငုံလိုက်မိသည်။
"ဆိုတော့....မနေ့ကdadပြောတာသူပေါ့"
"ဟုတ်တယ်...သား"
Kyung Sooခေါင်းငုံ့ထားတဲ့ တစ်ယောက်နားသွားကာ
လက်နှစ်ဖက်ကိုဘောင်းဘီ အိတ်ထဲထည့်ကာ
smartကျကျရပ်ကြည့်လိုက်သည်။ အသားကတော်တော်ဖြူတဲ့
ထဲပါတယ်။ ဆံပင်အုတ်အုတ်လေးရဲ့အောက်မှာ
မျက်လုံးဝိုင်းဝိုင်းလေးတွေကလည်း ရှိနေတယ်။
ပါးလေးကမဆိုသလောက်လေးဖောင်းပြီ နှူတ်ခမ်းလေးက
ဘာမှမလုပ်ထားတာတောင် ရဲရဲလေး။ နှာခေါင်းလေးကလည်း
လုံးလုံးလေး...ဒါနဲ့နားရွက်လေးက ကားကားလေးပါလား။
နတ်သူငယ်လေးကျနေတာပဲ။ အဲ့ဆံပင်အုတ်အုတ်လေးကလည်း
အိလိုက်မယ့် ပုံစံလေး။ လက်ချောင်းလေးတွေက သွယ်နေတာပဲ။
YOU ARE READING
Sweet but Hurt (Zawgyi +Uni)
FanfictionWarning - ဒီficက Kyung Sooကို Tနေရာထားမှာပါ။ chanyeolကို Tနေရာကပဲဖတ်ချင်တဲ့သူတွေအတွက် အချိန်ကုန်မှာစိုးလို့ ကြိုသတိပေးထားခြင်းဖြစ်ပါတယ်။ (Chanyeolကိုukeလုပ်ပြီးရေးလို့ သူငယ်ချင်းတေဆီကလည်းအဆဲခံပြီးပါပီ😂) Kyung Soo - ကိုကိုက အရမ်းသဘောကောင်းပြီး လိ...