"ကိုကို....ကိုကို....."
"အင်း....."
"ကိုကို...အိမ်ရောက်ပီ"
"ဟမ်...အိမ်တောင်ရောက်ပီလား"
Chanyeolမျက်လုံးတွေကိုပွတ်သပ်ပြီးထကြည့်လိုက်လေသည်။ နောက်တော့သူ သတိထားမိသွားတာက ခုထိသူကKyungလေးပေါင်ပေါ်မှာ ခွလျက်သား။ chanyeolတစ်ကိုယ်လုံးပူထူပြီး ထွက်တောင်ပြေးချင်လာတယ်။ kyungလေးနဲ့သူ ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ။တော်သေးတယ် အင်္ကျီတွေပြန်ဝတ်ထားပီး သန့်ရှင်းပေးထားလို့။
"ကိုကို ကျွန်တော်ပေါင်ပေါ်မှာပဲနေတော့မှာလား...အဟက် ကျွန်တော်ကတော့အဆင်ပြေပါတယ် ကိုကိုတစ်သက်လုံးထိုင်ချင်လဲ"
"မ..မဟုတ်ပါဘူး"
Chanyeolအလန့်တကြား kyungလေးပေါ်ကနေဖယ်လိုက်သည်။လူကနူံးခွေသွားတာမို့ မနဲထရတယ်။kyungလေး ဒီလိုဟာတွေပါဘယ်လိုတက်လာတာလဲ။ ဟိုမှာZhan Zhanနဲ့ပဲပေါင်းတာမှတ်လား။ Zhan Zhanကလဲအဲ့လိုတွေ လုပ်တတ်မယ့်ပုံမပေါ်ပါဘူး။
ထို့နောက် ကားပေါ်ကနေချက်ချင်းဆင်းပြီ အင်္ကျီတွေကိုပြုပြင်လိုက်သည်။"ကိုကို...ခုနကကျွန်တော်တို့..."
"ကိုကိုနားလည်ပါတယ်kyungလေး....kyungလေးအရွယ်ကဒီလိုမျိုးတွေဖြစ်တတ်ပါတယ် ကိုကိုနားလည်တာမို့ kyungလေးစိတ်ထဲမထားပါနဲ့"
Chanyeol ကျောခိုင်းရက်နဲ့ပင် kyungလေးကိုပြောလိုက်တယ်။ မဟုတ်ရင် kyungလေးမျက်နှာမြင်ပြီး ဘာမှပြောထွက်မှာမဟုတ်ဘူး။
"ကိုကိုက ဒါကိုကျွန်တော်အရွယ်ရောက်လာခါစမို့ ဖြစ်သွားတယ်ထင်နေတာလား.....ဖြစ်ချင်တိုင်းဖြစ်ရအောင် ကျွန်တော်ကငပိန်းလား၊ ကောင်းပီလေ ကျွန်တော်အရွယ်ရောက်လာလို့ အသွေးအသားကြောင့်ဖြစ်မိသွားတာပဲ ထားလိုက်ပါတော့၊ ကိုကိုသိထားဖို့က အဲ့အသွေးအသားက တစ်ယောက်သောသူမှမဟုတ်ရင် မဖြစ်ဘူး။ တစ်ယောက်သောသူနဲ့မှတောင်းဆိုလာတာ ဟက်..."
"ဟမ်....kyungလေးဘာပြော...."
"နားမလည်လဲထားလိုက်တော့...ကိုကိုကကြာလေပိန်းလေပဲ အဲ့ဒါကြောင့်ကျွန်တော်စိတ်မချနေရတာ"
YOU ARE READING
Sweet but Hurt (Zawgyi +Uni)
FanfictionWarning - ဒီficက Kyung Sooကို Tနေရာထားမှာပါ။ chanyeolကို Tနေရာကပဲဖတ်ချင်တဲ့သူတွေအတွက် အချိန်ကုန်မှာစိုးလို့ ကြိုသတိပေးထားခြင်းဖြစ်ပါတယ်။ (Chanyeolကိုukeလုပ်ပြီးရေးလို့ သူငယ်ချင်းတေဆီကလည်းအဆဲခံပြီးပါပီ😂) Kyung Soo - ကိုကိုက အရမ်းသဘောကောင်းပြီး လိ...