Kyung Sooထမင်းစားခန်းထဲဝင်လာတော့ ကိုကိုကသူ့အတွက်
မနက်စာပြင်ဆင်ပေးထားသည်။ နေရာမှာဝင်ထိုင်ရင်း ကိုကိုရဲ့
လှူပ်ရှားမှူတွေကိုပဲ လိုက်ကြည့်နေလိုက်သည်။ ပန်းရောင်ကာတွန်းပုံT-shirtလေးကိုမှ ဂျင်းဘောင်းဘီအရှည်လေးနဲ့ဝတ်ထားပီး နူးနူးညံ့ညံ့ ဆံပင်ပြာပြာအုပ်အုပ်လေးတွေနဲ့အရမ်းချစ်ဖို့ကောင်းနေတယ်။ ပါးလေးကလည်းဖောင်းလာလိုက်တာ။"ကိုကို...လာစားတော့လေ"
"ရပါတယ်.....kyungလေးအရင်စားလေ..ကိုကိုနောက်မှစား
လိုက်မယ်နော်""ကိုကိုစည်းကမ်းတွေမေ့နေပီလား"
ရုပ်တည်ကြီးနဲ့ စားပွဲပေါ်ကိုလက်ကတောက်တောက်တောက်တောက်နဲ့ခေါက်နေပီး ပြောနေတဲ့ပုံက ကျောချမ်းစရာ။
"Kyungလေး အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကိုကိုက...."
"လာစား"
"Ommပါ..."
Chanyeol kyungလေးဘေးနားကခုံမှာဆွဲထိုင်လိုက်ပြီး
မုန့်ကိုလှမ်းယူလိုက်ကာ ဖြေးဖြေးချင်းစားနေလိုက်သည်။ ညက
ကိစ္စကြောင့်kyungလေးကိုကြည့်တောင်မကြည့်ရဲ။သူကတော့
ဘာမှမဖြစ်တဲ့အတိုင်းပဲ။ kyungလေးပြန်မပြောတာပဲကောင်းပါ
တယ် မဟုတ်ရင်သူလည်းဘာပြန်ဖြေရမလဲသိမှာမဟုတ်ဘူး။"ကိုကိုညကကိစ္စက....."
"Kyungလေးအစားစားနေရင်စကားမပြောရဘူးလေ....ဟင်းဟင်း"
Chanyeolအစပြန်ဖော်မှာစိုးလို့ စကားကိုပိတ်လိုက်ရပေမယ့်
ဘေးနားမှာဖြစ်နေမယ့်မျက်နှာကိုမကြည့်ရဲ။ အခုkyungလေး
အရွယ်ရောက်လာမှ ပိုရှိန်နေရသလိုပဲ။အေးလေ သူကအခုဆိုငါနဲ့
အရည်အချင်းရော အရပ်ရော အရှိန်အဝါရော ပိုတောင်ကွာခြားလာတာကိုး။"သားတို့စားနေကြပီလား.....ဖေဖေတို့နောက်ကျသွားတယ်"
"ရပါတယ်ဖေဖေ.....သားအခုမုန့်တွေယူလာခဲ့ပေးမယ်နော်"
Chanyeolဖေဖေတို့အတွက်မုန့်တွေအထဲဝင်ပြီးသွားယူလိုက်သည်။
"ဖေဖေ....ကိုကို့ကိုဘာလို့coffeeဆိုင်ဖွင့်ပေးတာလဲ..
ကျွန်တော်နဲ့အလုပ်အတူတူတွဲလုပ်မလို့ရည်ရွယ်ထားတာကို....."
YOU ARE READING
Sweet but Hurt (Zawgyi +Uni)
FanfictionWarning - ဒီficက Kyung Sooကို Tနေရာထားမှာပါ။ chanyeolကို Tနေရာကပဲဖတ်ချင်တဲ့သူတွေအတွက် အချိန်ကုန်မှာစိုးလို့ ကြိုသတိပေးထားခြင်းဖြစ်ပါတယ်။ (Chanyeolကိုukeလုပ်ပြီးရေးလို့ သူငယ်ချင်းတေဆီကလည်းအဆဲခံပြီးပါပီ😂) Kyung Soo - ကိုကိုက အရမ်းသဘောကောင်းပြီး လိ...